ေဆးဝါးစက္႐ုံ က စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးခံယူ

0
40

ေဆး၀ါးစက္ရံု (အင္းစိန္) BPIက စက္ရံုးမွဴး ေဒါက္တာေအာင္ေဇာ္ ကို အဂတိုလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္ အေရးယူခဲ့ပါတယ္။

ေဆးဝါးစက္႐ုံ(အင္းစိန္) BPI နဲ႔ ေဆးဝါးစက္႐ုံ(အင္ေရာင္း) ေက်ာက္ဆည္ တို႔မွာ ေသြးေၾကာသြင္း ေဆးရည္ဘူးေတြ ထုတ္လုပ္ဖို႔ အတြက္ ေကာ္ေစ့ေတြနဲ႔ စက္ပစၥည္းေတြ ဝယ္ယူရာမွာ ကုမၸဏီနဲ႔ ပူးေပါင္းၿပီး ႐ိုက္စားခြင္ေတြ ဖန္တီးေနသူေတြကို အေရးယူ ေပးပါဖို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခဲ့တာပါ။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရး အဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ေဆးဝါးစက္႐ုံ(အင္းစိန္)၊ စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ဟာ  ေဆးဝါးထုပ္ပိုးပစၥည္းေတြ ထုတ္လုပ္ဖို႔ အတြက္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္း နဲ႔ မညီဘဲ ဝယ္ယူခဲ့တာေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ ေငြေၾကးနဲ႔ ပစၥည္းကို ထိခိုက္နစ္နာ ဆုံး႐ႈံး ေစေၾကာင္း စစ္ေဆးေပၚေပါက္သတာေၾကာင့္ ေဒါက္တာေအာင္ေဇာ္ အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ရန္ကုန္ တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕မရဲစခန္းမွာ စက္တင္ဘာလ ၆ ရက္ေန႔က ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္ၿပီး တရားစြဲဆို အေရးယူႏိုင္ဖို႔ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

ဆေးဝါးစက်ရုံ က စက်ရုံမှူး ဒေါက်တာအောင်ဇော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးခံယူ

ဆေးဝါးစက်ရုံ (အင်းစိန်) BPIက စက်ရုံးမှူး ဒေါက်တာအောင်ဇော် ကို အဂတိုလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI နဲ့ ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည် တို့မှာ သွေးကြောသွင်း ဆေးရည်ဘူးတွေ ထုတ်လုပ်ဖို့ အတွက် ကော်စေ့တွေနဲ့ စက်ပစ္စည်းတွေ ဝယ်ယူရာမှာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရိုက်စားခွင်တွေ ဖန်တီးနေသူတွေကို အရေးယူ ပေးပါဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာပါ။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဆေးဝါးစက်ရုံ(အင်းစိန်)၊ စက်ရုံမှူး ဒေါက်တာအောင်ဇော်ဟာ ဆေးဝါးထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့ အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်း နဲ့ မညီဘဲ ဝယ်ယူခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံး စေကြောင်း စစ်ဆေးပေါ်ပေါက်သတာကြောင့် ဒေါက်တာအောင်ဇော် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန် တိုင်းဒေသကြီး၊ အင်းစိန်မြို့မရဲစခန်းမှာ စက်တင်ဘာလ ၆ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။