
0
68




ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာသုံးစွဲမှု လျှော့ချနိုင်ဖို့ မူဝါဒချမှတ်ပြီး ဆောင်ရွက်မယ်


ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ဆေးရွက်ပါတဲ့ ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ဖို့ ထိရောက်တဲ့မူဝါဒ ချမှတ် အကောင်အထည်ဖော်ရေး အစိုးရကိုတိုက်တွန်းအကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။


ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းကာ လွှတ်တော်အဆုံးအဖြတ် ရယူအတည်ပြုခဲ့တာ ဖြစ်ပါတယ်။


အာဆီယံနိုင်ငံတွေမှာ ဆေးလိပ်သောက်သုံးသူ ၂၄၈ သန်းနဲ့ ဆေးရွက်ပါတဲ့ ကွမ်းယာစားသုံးသူ သန်း ၂၉၀ ခန့်ရှိပါတယ်။ ဆေးရွက်ကြီးကြောင့် ကမ္ဘာမှာ နှစ်စဉ် လူ ၇ သန်းခန့် သေဆုံးနေကြရပြီး မြန်မာနိုင်ငံမှာ နှစ်စဉ် ပျမ်းမျှ လူ ၇၀ဝ၀ဝ ခန့် သေဆုံးနေကြကြောင်း လှိုင်းဘွဲ့မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။