ေဆာ္ဒီအာေရဗ်ရဲ႕ ေရနံထုတ္လုပ္မႈ ၁၀ ရက္အတြင္း ပံုမွန္အတုိင္း ျပန္ျဖစ္မယ္

0
38

စက္တင္ဘာလ ၁၄ ရက္ေန႔က ေဆာ္ဒီအာေရးဗ်ရဲ႕ အဓိက ေရနံ အေဆာက္အအုံေတြ တိုက္ခိုက္ခံခဲ့ရေပမယ့္ ၁၀ ရက္အတြင္း ေရနံထုတ္လုပ္မႈ စြမ္းရည္ဟာ ရာႏႈန္းျပည့္ ပံုမွန္အတိုင္း ျပန္ျဖစ္မယ္လို႔ ေဆာ္ဒီ အိမ္ေရွ႕မင္းသားက ႏိုင္ငံရဲ႕ ေရနံစိမ္းထုတ္လုပ္မႈနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ျပဳလိုက္ပါတယ္။

ေဆာ္ဒီအာေရးဗ် အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ ဆယ္လ္မန္က ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းနဲ႔ စက္တင္ဘာလ ၁၈ ရက္ေန႔က တယ္လီဖုန္းေျပာဆိုရာမွာ အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ ဒီတိုက္ခိုက္မႈေတြဟာ ေဆာ္ဒီအာေရဗ်ရဲ႕ လုံၿခဳံေရးသာမက ကမာၻ႔လုံၿခဳံေရးကိုလည္း ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္တယ္လို႔ မစၥတာ မြန္းက ေျပာၾကားခဲ့ေၾကာင္း ေတာင္ကိုရီးယား သမၼတ႐ုံးက ေျပာပါတယ္။

အဲဒီ ေရနံ အေဆာက္အအုံကို အျမန္ ျပန္ျပင္ဆင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း မစၥတာ မြန္းက ေျပာပါတယ္။ အဲဒီ လုပ္ငန္း ေဆာင္တာေတြအတြက္ လိုအပ္တဲ့ ဘာအကူအညီမဆို ေပးမယ္လို႔လည္း သူက ကမ္းလွမ္းခဲ့ပါတယ္။ သူ႔ရဲ႕ ကမ္းလွမ္းမႈကို ေဆာ္ဒီ အိမ္ေရွ႕မင္းသားက လက္ခံခဲ့ၿပီး ဒီကိစၥကို ကိုင္တြယ္ဖို႔ ႏိုင္ငံတကာ အသိုက္အဝန္းက စည္းစည္းလုံးလုံး ရွိဖို႔ လိုအပ္တယ္လို႔ သူက ေျပာၾကားခဲ့ပါတယ္။

ဆော်ဒီအာရေဗျရဲ့ ရေနံထုတ်လုပ်မှု ၁၀ ရက်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်မယ်

စက်တင်ဘာလ ၁၄ ရက်နေ့က ဆော်ဒီအာရေးဗျရဲ့ အဓိက ရေနံ အဆောက်အအုံတွေ တိုက်ခိုက်ခံခဲ့ရပေမယ့် ၁၀ ရက်အတွင်း ရေနံထုတ်လုပ်မှု စွမ်းရည်ဟာ ရာနှုန်းပြည့် ပုံမှန်အတိုင်း ပြန်ဖြစ်မယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသားက နိုင်ငံရဲ့ ရေနံစိမ်းထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုလိုက်ပါတယ်။

ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က တယ်လီဖုန်းပြောဆိုရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ဆော်ဒီအာရေဗျရဲ့ လုံခြုံရေးသာမက ကမ္ဘာ့လုံခြုံရေးကိုလည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ မစ္စတာ မွန်းက ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

အဲဒီ ရေနံ အဆောက်အအုံကို အမြန် ပြန်ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ မွန်းက ပြောပါတယ်။ အဲဒီ လုပ်ငန်း ဆောင်တာတွေအတွက် လိုအပ်တဲ့ ဘာအကူအညီမဆို ပေးမယ်လို့လည်း သူက ကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့ ကမ်းလှမ်းမှုကို ဆော်ဒီ အိမ်ရှေ့မင်းသားက လက်ခံခဲ့ပြီး ဒီကိစ္စကို ကိုင်တွယ်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက စည်းစည်းလုံးလုံး ရှိဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။