ေဆာ့ဖ္ဝဲ ကုမၸဏီ IDB Technologies ျမန္မာေစ်းကြက္ကို ဝင္မယ္

0
45

အိႏၵိယ အေျခစိုက္ အိမ္ျခံေျမ စီမံခန္႔ခြဲမႈဆိုင္ရာ ေဆာ့ဖ္ဝဲ ကုမၸဏီျဖစ္တဲ့ IDB Technologies ဟာ ျမန္မာ၊ စင္ကာပူနဲ႔ ဗီယက္နမ္ ေစ်းကြက္ေတြကို ဝင္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။

သက္တမ္း ေလးႏွစ္ရွိၿပီ ျဖစ္တဲ့ IDB Technologies ဟာ မေလးရွားနဲ႔ ကေမာၻဒီယား ေစ်းကြက္ကို ဝင္ေရာက္ၿပီးေနာက္ အာဆီယံ ႏိုင္ငံ ေစ်းကြက္ေတြကို ဆက္လက္ ဝင္ေရာက္ေနတာ ျဖစ္ပါတယ္။

IDB Technologies ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၆ ရက္ေန႔အထိ ဟိုတယ္ ၁၅ ခုမွာ စီမံခန္႔ခြဲေရး ပ႐ိုဂရမ္ေတြကို လုပ္ေဆာင္ေနပါတယ္။ ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္ပင္ၿမိဳ႕ရွိ ဟိုတယ္ သံုးခုနဲ႔ ၿပီးခဲ့တဲ့ ဧၿပီလမွာ စတင္ အလုပ္လုပ္ေနတယ္လို႔ အမႈေဆာင္ အရာရွိခ်ဳပ္ ခ်ီယာ ခါ ဘန္က ေျပာပါတယ္။

အိမ္ျခံေျမ စီမံခန္႔ခြဲမႈ ေစ်းကြက္ခ်ဲ႕ထြင္ဖို႔ အခမ္းအနားက်င္းပတာ၊ အေရာင္းႁမွင့္တင္တာေတြ လုပ္ေဆာင္မယ္လို႔လည္း အမႈေဆာင္ အရာရွိခ်ဳပ္က ေျပာပါတယ္။ 

ဆော့ဖ်ဝဲ ကုမ္ပဏီ IDB Technologies မြန်မာဈေးကွက်ကို ဝင်မယ်


အိန္ဒိယ အခြေစိုက် အိမ်ခြံမြေ စီမံခန့်ခွဲမှုဆိုင်ရာ ဆော့ဖ်ဝဲ ကုမ္ပဏီဖြစ်တဲ့ IDB Technologies ဟာ မြန်မာ၊ စင်ကာပူနဲ့ ဗီယက်နမ် ဈေးကွက်တွေကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။


သက်တမ်း လေးနှစ်ရှိပြီ ဖြစ်တဲ့ IDB Technologies ဟာ မလေးရှားနဲ့ ကမ္ဘောဒီယား ဈေးကွက်ကို ဝင်ရောက်ပြီးနောက် အာဆီယံ နိုင်ငံ ဈေးကွက်တွေကို ဆက်လက် ဝင်ရောက်နေတာ ဖြစ်ပါတယ်။


IDB Technologies ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့အထိ ဟိုတယ် ၁၅ ခုမှာ စီမံခန့်ခွဲရေး ပရိုဂရမ်တွေကို လုပ်ဆောင်နေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့ရှိ ဟိုတယ် သုံးခုနဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ စတင် အလုပ်လုပ်နေတယ်လို့ အမှုဆောင် အရာရှိချုပ် ချီယာ ခါ ဘန်က ပြောပါတယ်။

အိမ်ခြံမြေ စီမံခန့်ခွဲမှု ဈေးကွက်ချဲ့ထွင်ဖို့ အခမ်းအနားကျင်းပတာ၊ အရောင်းမြှင့်တင်တာတွေ လုပ်ဆောင်မယ်လို့လည်း အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။