ေငြစာရင္း ယာယီဆိုင္းငံ့မိတဲ့ အေပၚ ကာယကံရွင္ ကို ဧရာဝတီဘဏ္က အႏူးအညႊတ္ေတာင္းပန္

0
62

ဦးဝင္းကိုကုိသိန္း ရဲ႕ ေငြစာရင္းကို ယာယီဆိုင္းငံ့ခဲ့တာ နဲ႔ ပတ္သက္ၿပီး ဧရာ၀တီဘဏ္က ဒီကေန႔ ဇူလိုင္လ ၁၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ၿပီး အႏူးအညြတ္ေတာင္းပန္ခဲ့ပါတယ္။

ဦးဝင္းကိုကိုသိန္း ရဲ႕ ေငြစာရင္းကို ယာယီဆိုင္းငံ့ဖို႔ ေငြေၾကးခဝါခ်မူ တိုက္ဖ်က္ေရးဗဟိုအဖဲြ႕က ၫႊန္ၾကားလာတဲ့ အတြက္ ဇူလိုင္လ ၁၁ ရက္ေန႔မွာ အခ်ိန္(၄)နာရီခန္႔ ေခတၱ ရပ္ဆိုင္းခဲ့ရတာျဖစ္ၿပီး ဘဏ္ရဲ႕ လုပ္ထံုး လုပ္နည္းေတြကို ျပန္လည္ စိစစ္ေဆြးေႏြးတိုင္ပင္ၿပီး နာရီပိုင္းအတြင္း ျပန္လည္၀န္ေဆာင္မႈေပးခဲ့တယ္လို႔ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဆုိင္းငံ့လိုက္တဲ့ အခ်ိန္အတြင္း ဦးဝင္းကိုကိုသိန္း နဲ႔ အလွဴရွင္ေတြ စိတ္အေႏွာင့္အယွက္ နဲ႔ အဆင္မေျပမူေတြ ျဖစ္ေပၚခဲ့တဲ့အတြက္  ဧရာဝတီဘဏ္ အေနနဲ႔ မ်ားစြာ စိတ္မေကာင္း ျဖစ္ရပါေၾကာင္းနဲ႔ ထပ္မံ အႏူးအၫြတ္ ေတာင္းပန္အပ္ေၾကာင္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ငွေစာရင်း ယာယီဆိုင်းငံ့မိတဲ့ အပေါ် ကာယကံရှင် ကို ဧရာဝတီဘဏ်က အနူးအညွှတ်တောင်းပန်


ဦးဝင်းကိုကိုသိန်း ရဲ့ ငွေစာရင်းကို ယာယီဆိုင်းငံ့ခဲ့တာ နဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ်က ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး အနူးအညွတ်တောင်းပန်ခဲ့ပါတယ်။


ဦးဝင်းကိုကိုသိန်း ရဲ့ ငွေစာရင်းကို ယာယီဆိုင်းငံ့ဖို့ ငွေကြေးခဝါချမူ တိုက်ဖျက်ရေးဗဟိုအဖွဲ့က ညွှန်ကြားလာတဲ့ အတွက် ဇူလိုင်လ ၁၁ ရက်နေ့မှာ အချိန်(၄)နာရီခန့် ခေတ္တ ရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး ဘဏ်ရဲ့ လုပ်ထုံး လုပ်နည်းတွေကို ပြန်လည် စိစစ်ဆွေးနွေးတိုင်ပင်ပြီး နာရီပိုင်းအတွင်း ပြန်လည်ဝန်ဆောင်မှုပေးခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


ဆိုင်းငံ့လိုက်တဲ့ အချိန်အတွင်း ဦးဝင်းကိုကိုသိန်း နဲ့ အလှူရှင်တွေ စိတ်အနှောင့်အယှက် နဲ့ အဆင်မပြေမူတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဧရာဝတီဘဏ် အနေနဲ့ များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနဲ့ ထပ်မံ အနူးအညွတ် တောင်းပန်အပ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။