ေဂ်ာ့ဂ်္ ကလူနီ နာမည္နဲ႔ အဝတ္အထည္ လိမ္လည္ ေရာင္းခ်သူ ထိုင္းမွာ အဖမ္းခံရ

0
160

ေဟာလိဝုဒ္ မင္းသားႀကီး ေဂ်ာ့ဂ်္ ကလူနီ အမည္နဲ႔ အြန္လိုင္းေပၚမွာ အဝတ္အထည္ ေရာင္းခ်ေနၿပီး အီတလီ အစိုးရက အလိုရွိေနတဲ့ အီတလီႏိုင္ငံသား စံုတြဲကို ထိုင္းႏိုင္ငံ၊ ပတၱယားၿမိဳ႕မွာ ဖမ္းဆီးလိုက္ပါတယ္။

ဖရန္ဆီကို ဂါဒယ္လီ (၅၈ ႏွစ္) နဲ႔ ဗန္ဂ်ာ ေဂၚဖီ (၄၅ ႏွစ္) တို႔ကို ႏိုင္ငံတကာ ရဲတပ္ဖြဲ႔ အင္တာပို၊ ထိုင္းေထာက္လွမ္းေရးေတြနဲ႔ ပူးေပါင္းဖမ္းဆီးခဲ့တာပါ။ သူတို႔စံုတြဲကို ၂၀၁၃ ခုႏွစ္ကတည္းက အင္တာပိုက အလိုရွိေၾကာင္း ေၾကညာထားတာပါ။ သူတို႔ကို ၂၀၁၀ ျပည့္ႏွစ္မွာ မင္းသားႀကီး ကလူနီက အီတလီမွာ အမည္ အလြဲသံုးစားလုပ္မႈနဲ႔ တရားစြဲထားပါတယ္။

ဂါဒယ္လီဟာ ကလူနီရဲ႕ နာမည္ကိုသံုးၿပီး အြန္လိုင္ကေန ပိုက္ဆံလိမ္လည္ ေတာင္းယူသူ ျဖစ္ပါတယ္။ မီလန္ၿမိဳ႕မွာ ေထာင္ဒဏ္ ခုနစ္ႏွစ္ ခ်မွတ္ခံရၿပီးေနာက္ သူတို႔စံုတြဲ အီတလီကေန ထိုင္းကို ထြက္ေျပးလြတ္ေျမာက္သြားတာပါ။ ၂၀၁၄ ခုႏွစ္တုန္းက သူ႔ကို ထိုင္းရဲက ပတၱယား ဒူးဆစ္ဟိုတယ္မွာ ဖမ္းမိခဲ့ေပမယ့္ အေစာင့္ကို ထိုင္းဘတ္ေငြ ၂ ေသာင္းလာဘ္တိုးၿပီး ထြက္ေျပးခဲ့ပါတယ္။ ထိုင္းလူဝင္မႈ ႀကီးၾကပ္ေရးက သူတို႔ကို ဗီဇာသက္တမ္း ေက်ာ္လြန္ ေနထိုင္မႈနဲ႔ အေရးယူမွာ ျဖစ္ပါတယ္။

ဂျော့ဂျ် ကလူနီ နာမည်နဲ့ အဝတ်အထည် လိမ်လည် ရောင်းချသူ ထိုင်းမှာ အဖမ်းခံရ

ဟောလိဝုဒ် မင်းသားကြီး ဂျော့ဂျ် ကလူနီ အမည်နဲ့ အွန်လိုင်းပေါ်မှာ အဝတ်အထည် ရောင်းချနေပြီး အီတလီ အစိုးရက အလိုရှိနေတဲ့ အီတလီနိုင်ငံသား စုံတွဲကို ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။

ဖရန်ဆီကို ဂါဒယ်လီ (၅၈ နှစ်) နဲ့ ဗန်ဂျာ ဂေါ်ဖီ (၄၅ နှစ်) တို့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို၊ ထိုင်းထောက်လှမ်းရေးတွေနဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာပါ။ သူတို့စုံတွဲကို ၂၀၁၃ ခုနှစ်ကတည်းက အင်တာပိုက အလိုရှိကြောင်း ကြေညာထားတာပါ။ သူတို့ကို ၂၀၁၀ ပြည့်နှစ်မှာ မင်းသားကြီး ကလူနီက အီတလီမှာ အမည် အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲထားပါတယ်။

ဂါဒယ်လီဟာ ကလူနီရဲ့ နာမည်ကိုသုံးပြီး အွန်လိုင်ကနေ ပိုက်ဆံလိမ်လည် တောင်းယူသူ ဖြစ်ပါတယ်။ မီလန်မြို့မှာ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရပြီးနောက် သူတို့စုံတွဲ အီတလီကနေ ထိုင်းကို ထွက်ပြေးလွတ်မြောက်သွားတာပါ။ ၂၀၁၄ ခုနှစ်တုန်းက သူ့ကို ထိုင်းရဲက ပတ္တယား ဒူးဆစ်ဟိုတယ်မှာ ဖမ်းမိခဲ့ပေမယ့် အစောင့်ကို ထိုင်းဘတ်ငွေ ၂ သောင်းလာဘ်တိုးပြီး ထွက်ပြေးခဲ့ပါတယ်။ ထိုင်းလူဝင်မှု ကြီးကြပ်ရေးက သူတို့ကို ဗီဇာသက်တမ်း ကျော်လွန် နေထိုင်မှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။