
0
762



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချောက်မြို့နယ် ပြည်သူ့ဆေးရုံအတွင်း ကုတင်(၅၀) ဆေးရုံဆောင်သစ် ထပ်မံဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်က မြို့နယ် ပြည်သူ့ဆေးရုံမှာ ကုတင် ၅၀ ဆေးရုံဆောင်သစ်ကို ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ထပ်မံဖွင့်လှစ်လိုက်ပါတယ်။

ဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှအပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်ပြည်သူ့ဆေးရုံ က ဆရာဝန်ကြီးတွေက ဖွင့်လှစ်ခဲ့ပါတယ်။