ေခါင္းေဆာင္ေကာင္းေတြ ျဖစ္ဖို႔ အၿမဲႀကိဳးပမ္းဖို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာ

0
76

ႏိုင္ငံ့ေခါင္းေဆာင္မႈ အပိုင္းမွာ ေခါင္းေဆာင္ေကာင္းပါက တုိင္းျပည္ ဖြံ႔ၿဖိဳးတုိးတက္မွာျဖစ္ၿပီး ေခါင္းေဆာင္မႈ ညံ့ဖ်င္းပါက တုိင္းျပည္အတြက္ ဆုံး႐ႈံးနစ္နာနုိင္မွာ ျဖစ္တာေၾကာင့္ ေခါင္းေဆာင္ေကာင္းေတြျဖစ္ဖို႔ အၿမဲႀကိဳးပမ္းရမွာ ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။

ဇူလုိင္လ ၁၃ ရက္ေန႔က စစ္တကၠသုိလ္၊ တပ္မေတာ္ နည္းပညာတကၠသုိလ္၊ ဥပေဒဒီပလုိမာ (အရာရွိ) သင္တန္းနဲ႔ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံတုိ႔က နည္းျပ၊ ပါေမာကၡ၊ ကထိက အရာရွိႀကီးေတြ၊ နည္းျပအရာရွိႀကီးေတြ၊ သင္တန္းသား အရာရွိႀကီးေတြနဲ႔ ပါရဂူေဆးမွဴးေတြကုိ စစ္တကၠသုိလ္၊ ဘြဲ႔ႏွင္းသဘင္ခန္းမမွာ ေတြ႔ဆုံစဥ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေခါင္းေဆာင္မႈေတြမွာ ေခါင္းေဆာင္ေကာင္းရင္ တုိးတက္မွာျဖစ္ၿပီး ေခါင္းေဆာင္ညံ့ပါက  ဆုံး႐ႈံးမွာျဖစ္သလို၊ တပ္ပုိင္းဆုိင္ရာ ကိစၥေတြမွာလည္း ေခါင္းေဆာင္ရဲ႕ ဦးေဆာင္မႈ ညံ့ဖ်င္းပါက အသက္မ်ားစြာ ဆုံး႐ႈံးေစႏုိင္မွာ ျဖစ္ေၾကာင္း၊ ဆက္လက္ၿပီး စစ္ဘက္ေခါင္းေဆာင္ေတြရဲ႕ အခန္းက႑ဟာ အေရးႀကီးတာေၾကာင့္ စစ္ေက်ာင္းႀကီးေတြ အသီးသီးက လက္႐ုံးရည္၊ ႏွလုံးရည္နဲ႔ ျပည့္ဝတဲ့၊ ပညာရပ္ဆုိင္ရာေတြမွာ ကြၽမ္းက်င္မႈရွိတဲ့ ေခါင္းေဆာင္ေတြ ေမြးထုတ္ေပးဖုိ႔ လိုအပ္ေၾကာင္းကုိလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ခေါင်းဆောင်ကောင်းတွေ ဖြစ်ဖို့ အမြဲကြိုးပမ်းဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြော


နိုင်ငံ့ခေါင်းဆောင်မှု အပိုင်းမှာ ခေါင်းဆောင်ကောင်းပါက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာနိုင်မှာ ဖြစ်တာကြောင့် ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ အမြဲကြိုးပမ်းရမှာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။


ဇူလိုင်လ ၁၃ ရက်နေ့က စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ်၊ ဥပဒေဒီပလိုမာ (အရာရှိ) သင်တန်းနဲ့ နယ်မြေခံ တပ်မတော်ဆေးရုံတို့က နည်းပြ၊ ပါမောက္ခ၊ ကထိက အရာရှိကြီးတွေ၊ နည်းပြအရာရှိကြီးတွေ၊ သင်တန်းသား အရာရှိကြီးတွေနဲ့ ပါရဂူဆေးမှူးတွေကို စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဒါ့အပြင် ခေါင်းဆောင်မှုတွေမှာ ခေါင်းဆောင်ကောင်းရင် တိုးတက်မှာဖြစ်ပြီး ခေါင်းဆောင်ညံ့ပါက ဆုံးရှုံးမှာဖြစ်သလို၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း ခေါင်းဆောင်ရဲ့ ဦးဆောင်မှု ညံ့ဖျင်းပါက အသက်များစွာ ဆုံးရှုံးစေနိုင်မှာ ဖြစ်ကြောင်း၊ ဆက်လက်ပြီး စစ်ဘက်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် စစ်ကျောင်းကြီးတွေ အသီးသီးက လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝတဲ့၊ ပညာရပ်ဆိုင်ရာတွေမှာ ကျွမ်းကျင်မှုရှိတဲ့ ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။