ေက်းလက္ေနသူေတြကို နည္းပညာအကူအညီေပးဖို႔ Innovation Center ေတြဖြင့္မယ္

0
103

ေက်းလက္ေနျပည္သူေတြကို နည္းပညာအကူအညီေပးႏိုင္ဖို႔အတြက္ Innovation Center ေတြ ဖြင့္လွစ္ႏိုင္ေအာင္ အစိုးရက ကူညီပံ့ပိုးေပးသြားဖို႔ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္ကေပးပို႔ထားပါတယ္။

ေက်းလက္ေနျပည္သူေတြကို နည္းပညာအကူအညီေတြ ေပးႏိုင္ဖို႔ စြန္႔ဦးတီထြင္လိုတ့ဲ လူငယ္ေတြအတြက္ ျပည္နယ္ေတြနဲ႔ တိုင္းေဒသႀကီးေတြမွာ Innovation Center ေတြ ဖြင့္လွစ္ႏိုင္ေအာင္ အစိုးရက ကူညီပံ့ပိုးေပးသြားဖို႔ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ေျပာပါတယ္။

Soundbite – ေနာ္ပန္းသၪၨာမ်ိဳး (ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး)

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕

နည္းပညာက႑နဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္းက လူငယ္ေတြဟာ နီးစပ္မႈရွိေပမယ့္ အမွန္တကယ္ ေက်းလက္ေနျပည္သူေတြနဲ႕ နီးစပ္တ့ဲေဒသေတြက လူငယ္ေတြဆီ နည္းပညာထိစပ္မႈ ပိုရရွိဖို႕ကိုလည္း လုပ္ေဆာင္ေပးေစခ်င္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၀င္ ျပည္ေထာင္စုကိုယ္စားလွယ္ ကိုထက္ပိုင္စိုးက ေျပာပါတယ္။

Soundbite – ကိုထက္ပိုင္စိုး (ျပည္ေထာင္စုကိုယ္စားလွယ္)

ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၀င္

နည္းပညာစိန္ေခၚမႈျဖစ္တ့ဲ စတုတၳစက္မႈေတာ္လွန္ေရးမွာ ျမန္မာႏိုင္ငံက ပါဝင္ယွဥ္ၿပိဳင္ႏိုင္ဖို႔ အေျခခံ လူသားအရင္းအျမစ္ျဖစ္တ့ဲ လူငယ္ေတြကို အစိုးရကေန ပံ့ပိုးေပးသြားဖို႕ရွိတယ္လို႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားပါတယ္ ခင္ဗ်ာ။

ကျေးလက်နေပြည်သူတွေကို နည်းပညာအကူအညီပေးနိုင်ဖို့အတွက် Innovation Center တွေ ဖွင့်လှစ်နိုင်အောင် အစိုးရက ကူညီပံ့ပိုးပေးသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်ကပေးပို့ထားပါတယ်။

ကျေးလက်နေပြည်သူတွေကို နည်းပညာအကူအညီတွေ ပေးနိုင်ဖို့ စွန့်ဦးတီထွင်လိုတဲ့ လူငယ်တွေအတွက် ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ Innovation Center တွေ ဖွင့်လှစ်နိုင်အောင် အစိုးရက ကူညီပံ့ပိုးပေးသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

Soundbite – နော်ပန်းသဉ္ဇာမျိုး (ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

နည်းပညာကဏ္ဍနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လူငယ်တွေဟာ နီးစပ်မှုရှိပေမယ့် အမှန်တကယ် ကျေးလက်နေပြည်သူတွေနဲ့ နီးစပ်တဲ့ဒေသတွေက လူငယ်တွေဆီ နည်းပညာထိစပ်မှု ပိုရရှိဖို့ကိုလည်း လုပ်ဆောင်ပေးစေချင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောပါတယ်။

Soundbite – ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်

နည်းပညာစိန်ခေါ်မှုဖြစ်တဲ့ စတုတ္ထစက်မှုတော်လှန်ရေးမှာ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အခြေခံ လူသားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေကို အစိုးရကနေ ပံ့ပိုးပေးသွားဖို့ရှိတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ် ခင်ဗျာ။