ေက်ာင္းျပန္တက္ခြင့္ရေအာင္ ၀န္ခံကတိထိုးမွာ မဟုတ္

0
3615

 

ေက်ာင္းျပန္တက္ခြင့္ရေအာင္ ၀န္ခံကတိထိုးမွာ မဟုတ္သလို ပညာ၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ဟာ လံုး၀လက္ခံႏိုင္စရာအေၾကာင္းမရွိဘူးလို႔ ေက်ာင္းထုတ္ခံ ဆႏၵခံျပ ေက်ာင္းသားေတြက တံု႕ျပန္ ေျပာဆို လိုက္ပါတယ္။

ပညာေရး၀န္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနရဲ႕ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး ပညားေရးအသံုးစရိတ္ တိုးျမွင့္ေရးတိုက္ပြဲေကာ္မတီက ေကာ္မတီ၀င္ ကိုေနာင္ ထက္ေအာင္က ေျပာဆိုလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ေက်ာင္းထုတ္ခံ ဆႏၵျပေက်ာင္းသား ေတြအေနနဲ႔ ဂုဏ္သိကၡာရွိစြာ ေက်ာင္းျပန္တက္ခြင့္ရဖို႔နဲ႕ ပညာေရးစရိတ္တုိးျမႇင့္ဖို႔ ဆက္ၿပီး တိုက္ပြဲ၀င္ ေတာင္းဆိုသြားမယ္လို႔လည္း ေျပာၾကားထားတာပါ။

ပညာေရး၀န္ႀကီးဌာန စီမံခန္႔ခြဲေရးေကာ္မတီ အစည္းအေ၀း ဆံုးျဖတ္ခ်က္နဲ႔  အဆင့္ျမင့္ပညာဦးစီးဌာနက ပညားေရးစရိတ္တုိးျမႇင့္ဖို႕ ဆႏၵျပေတာင္းဆိုခဲ့တဲ့ ေက်ာင္းသားေတြ ကို ေက်ာင္းျပန္တက္ႏိုင္ဖို႕ အခ်က္ ၃ ခ်က္ နဲ႕ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ကျောင်းပြန်တက်ခွင့်ရအောင် ဝန်ခံကတိထိုးမှာ မဟုတ်

ကျောင်းပြန်တက်ခွင့်ရအောင် ဝန်ခံကတိထိုးမှာ မဟုတ်သလို ပညာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ကျောင်းထုတ်ခံ ဆန္ဒခံပြ ကျောင်းသားတွေက တုံ့ပြန် ပြောဆို လိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ပညားရေးအသုံးစရိတ်တိုးမြှင့်ရေးတိုက်ပွဲကော်မတီက ကော်မတီဝင် ကိုနောင် ထက်အောင်က ပြောဆိုလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ကျောင်းထုတ်ခံ ဆန္ဒပြကျောင်းသား တွေအနေနဲ့ ဂုဏ်သိက္ခာရှိစွာ ကျောင်းပြန်တက်ခွင့်ရဖို့နဲ့ ပညာရေးစရိတ်တိုးမြှင့်ဖို့ ဆက်ပြီး တိုက်ပွဲဝင် တောင်းဆိုသွားမယ်လို့လည်း ပြောကြားထားတာပါ။ ပ

ညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အဆင့်မြင့်ပညာဦးစီးဌာနက ပညားရေးစရိတ်တိုးမြှင့်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ ကို ကျောင်းပြန်တက်နိုင်ဖို့ အချက် ၃ ချက် နဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။