ေက်ာင္းေျပာင္းမယ့္ အေဝးသင္ေက်ာင္းသားေတြ အိမ္ေထာင္စုစာရင္း မိတၳဴေတာင္းခံမႈ ေျဖေလွ်ာ့ေပးမယ္

0
41

ေက်ာင္းေျပာင္းေရႊ႕လုိတဲ့ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူေတြ အတြက္ အမွန္တကယ္ အခက္အခဲရွိပါက အိမ္ေထာင္စုစာရင္းမိတၳဴ ေတာင္းခံမႈ ေျဖေလွ်ာ့ေပးဖုိ႔ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလ ၁၃ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းမွာ လႈိင္းဘြဲ႕မဲဆႏၵနယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ခ်ဳိက  အေ၀းသင္တကၠသုိလ္ ေက်ာင္းသား ၊ေက်ာင္းသူေတြအတြက္ အိမ္ေထာင္စု စာရင္း၀င္ေျပာင္းေရႊ႕၀င္ေရာက္တဲ့ အေထာက္အထား တင္ျပေစဖို႔ေတာင္းခံေနမႈကုိ ပယ္ဖ်က္ေပး ဖုိ႔ရွိ မရွိ ေမးျမန္းခဲ့တဲ့အေပၚ အခုလုိ ဒု၀န္ႀကီးက အခုလုိျပန္လည္ေျဖၾကားခဲ့တာပါ။

တကၠသုိလ္၀င္စာေမးပြဲေအာင္ျမင္ေၾကာင္း အေထာက္အထား၊ အမွတ္စာရင္းနဲ႔ အမွန္တကယ္ ေနထုိင္တဲ့ ေဒသ(ဒါမွမဟုတ္) အလုပ္လုပ္ကိုင္ေနတဲ့ေဒသရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ရဲ႕ ေထာက္ခံခ်က္အေပၚ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ထပ္ဆင့္အတည္ျပဳေထာက္ခံခ်က္နဲ႔ ေက်ာင္းေျပာင္းေရႊ႕ေရး အတြက္ စီစစ္ေဆာင္ရြက္ဖုိ႔ သက္ဆုိင္ရာဌာနေတြနဲ႔ညိွႏႈိင္းၿပီး လုပ္ထုံး လုပ္နည္းေတြနဲ႔အညီ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ဒု၀န္ႀကီးက ေျပာၾကားခဲ့ပါတယ္။

ကျောင်းပြောင်းမယ့် အဝေးသင်ကျောင်းသားတွေ အိမ်ထောင်စုစာရင်း မိတ္ထူတောင်းခံမှု ဖြေလျှော့ပေးမယ်


ကျောင်းပြောင်းရွှေ့လိုတဲ့ အဝေးသင်ကျောင်းသား၊ ကျောင်းသူတွေ အတွက် အမှန်တကယ် အခက်အခဲရှိပါက အိမ်ထောင်စုစာရင်းမိတ္ထူ တောင်းခံမှု ဖြေလျှော့ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။


စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှိုင်းဘွဲ့မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အဝေးသင်တက္ကသိုလ် ကျောင်းသား ၊ကျောင်းသူတွေအတွက် အိမ်ထောင်စု စာရင်းဝင်ပြောင်းရွှေ့ဝင်ရောက်တဲ့ အထောက်အထား တင်ပြစေဖို့တောင်းခံနေမှုကို ပယ်ဖျက်ပေး ဖို့ရှိ မရှိ မေးမြန်းခဲ့တဲ့အပေါ် အခုလို ဒုဝန်ကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။


တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား၊ အမှတ်စာရင်းနဲ့ အမှန်တကယ် နေထိုင်တဲ့ ဒေသ(ဒါမှမဟုတ်) အလုပ်လုပ်ကိုင်နေတဲ့ဒေသရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရဲ့ ထောက်ခံချက်အပေါ် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်အတည်ပြုထောက်ခံချက်နဲ့ ကျောင်းပြောင်းရွှေ့ရေး အတွက် စီစစ်ဆောင်ရွက်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ညှိနှိုင်းပြီး လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။