ေက်ာင္းသားေတြအတြက္ ဘဝအာမခံခ်က္႐ွိတဲ့ပညာေရးစနစ္ကို ပံုေဖာ္ထားျခင္းမ႐ွိေသး

0
43

ေက်ာင္းသားေတြအတြက္ ဘ၀အာမခံခ်က္ရွိတဲ့ ပညာေရးစနစ္ကို ပံုေဖာ္ထားတာမရွိေသးဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ လူငယ္ေရးရာေကာ္မတီက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္း ေထာက္ ေဌးေဌးကေပးပို႔ထားပါတယ္။

လက္ရွိျမန္မာႏိုင္ငံရဲ႕ပညာေရးက႑က ျပဳျပင္ေျပာင္းလဲဖို႔ လုပ္ေဆာင္ေနေပမယ့္  ေက်ာင္းသားေတြရဲ႕ အရည္အေသြးပိုင္းျမွင့္တင္ဖို႔အတြက္ ေက်ာင္းသံုးပရိေဘာဂနဲ႔ သင္ေထာက္ကူပစၥည္း ေထာက္ပံ့ေပးမႈေတြ အားနည္းေနေသးတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီက ေျပာပါတယ္။ 

ဒါ့အျပင္ ပညာေရးနဲ႔ပတ္သက္ၿပီး ျပဳျပင္ေျပာင္းလဲလာမႈက အနည္းငယ္ရွိခဲ့ေပမယ့္ ေက်ာင္းသားေတြအတြက္ ဘ၀အာမခံခ်က္ရွိတဲ့ ပညာေရးစနစ္ကို ပံုေဖာ္ထားတာမရွိေသးဘူးလို႔လည္း ေျပာပါတယ္။

Soundbite ; ဒီၿငိမ္းလင္း(အတြင္းေရးမွဴး)

ရန္ကုန္တိုင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီ

တိုင္းျပည္ရဲ႕အနာဂတ္အတြက္ နယ္ပယ္အသီးသီးက ႑အစံုမွာ လူငယ္ေတြ ပိုမိုပါ၀င္လာဖို႔ လိုသလို ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲဖို႔ကလည္း အေရးႀကီးတဲ့ ေနရာက ပါဝင္ေနတာေၾကာင့္ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ အခမ္းအနားမွာ ပညာေရးစကား၀ိုင္းေတြ၊ ပညာေရးဒီဘိတ္ေတြနဲ႔ အနာ ဂတ္ျမန္မာႏိုင္ငံေတာ္အေပၚ လူငယ္ေတြရဲ႕ အျမင္ကို အဓိထားေျပာခဲ့တာပါ။

လူငယ္ေရးရာေကာ္မတီအေနနဲ႔ လက္ရွိပညာေရးနဲ႔ပတ္သက္ၿပီး ေက်ာင္းသားသမဂၢေတြနဲ႔ ခ်ိတ္ဆက္ကာ ႔ ပညာေရးပိုင္းကသူေတြနဲ႔ ေတြ႕ဆုံႏိုင္ေအာင္ စီစဥ္ေနတယ္လို႔လည္း ေျပာပါတယ္။ 

Soundbite ; ဒီၿငိမ္းလင္း(အတြင္းေရးမွဴး)

ရန္ကုန္တိုင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီ

ေျပာင္းလဲလာတဲ့ ပညာေရးစနစ္အေပၚ ႀကိဳဆိုေပမယ့္ စကားလံုးအေနနဲ႔ ေျပာင္းလဲတာမ်ဳိးမဟုတ္ဘဲ အႏွစ္သာရပါတဲ့ ေျပာင္းလဲမႈမ်ဳိး ျဖစ္ဖို႔အေရးႀကီးတယ္လို႔လည္း ကိုဒီၿငိမ္းလင္းက ေျပာပါတယ္။

ပညာေရးစနစ္နဲ႔ပတ္သက္ၿပီး ေျပာင္းလဲမႈကို လိုက္ပါဖို႔အတြက္ သင္ေထာက္ကူပစၥည္းေထာက္ပံ့ ေပးတာ ေတြ၊ ဆရာ၊ ဆရာမ ေတြကို အရည္အခ်င္း ျမွင့္တင္ေပးတာေတြ လုပ္ေဆာင္ေပးဖို႔ လိုအပ္ေနေသးတယ္လို႔လည္း ေျပာပါတယ္ရွင္။

ကျောင်းသားတွေအတွက် ဘဝအာမခံချက်ရှိတဲ့ ပညာရေးစနစ်ကို ပုံဖော်ထားတာမရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လူငယ်ရေးရာကော်မတီက ပြောပါတယ်။ ဒီသတင်းကို MCN သတင်း ထောက် ဌေးဌေးကပေးပို့ထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍက ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေပေမယ့် ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်းမြှင့်တင်ဖို့အတွက် ကျောင်းသုံးပရိဘောဂနဲ့ သင်ထောက်ကူပစ္စည်း ထောက်ပံ့ပေးမှုတွေ အားနည်းနေသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ပြောပါတယ်။

ဒါ့အပြင် ပညာရေးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲလာမှုက အနည်းငယ်ရှိခဲ့ပေမယ့် ကျောင်းသားတွေအတွက် ဘဝအာမခံချက်ရှိတဲ့ ပညာရေးစနစ်ကို ပုံဖော်ထားတာမရှိသေးဘူးလို့လည်း ပြောပါတယ်။

Soundbite ; ဒီငြိမ်းလင်း(အတွင်းရေးမှူး)
ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ

တိုင်းပြည်ရဲ့အနာဂတ်အတွက် နယ်ပယ်အသီးသီးက ဏ္ဍအစုံမှာ လူငယ်တွေ ပိုမိုပါဝင်လာဖို့ လိုသလို ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ကလည်း အရေးကြီးတဲ့ နေရာက ပါဝင်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ ပညာရေးစကားဝိုင်းတွေ၊ ပညာရေးဒီဘိတ်တွေနဲ့ အနာ ဂတ်မြန်မာနိုင်ငံတော်အပေါ် လူငယ်တွေရဲ့ အမြင်ကို အဓိထားပြောခဲ့တာပါ။

လူငယ်ရေးရာကော်မတီအနေနဲ့ လက်ရှိပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂတွေနဲ့ ချိတ်ဆက်ကာ ့ ပညာရေးပိုင်းကသူတွေနဲ့ တွေ့ဆုံနိုင်အောင် စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

Soundbite ; ဒီငြိမ်းလင်း(အတွင်းရေးမှူး)
ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ

ပြောင်းလဲလာတဲ့ ပညာရေးစနစ်အပေါ် ကြိုဆိုပေမယ့် စကားလုံးအနေနဲ့ ပြောင်းလဲတာမျိုးမဟုတ်ဘဲ အနှစ်သာရပါတဲ့ ပြောင်းလဲမှုမျိုး ဖြစ်ဖို့အရေးကြီးတယ်လို့လည်း ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပြောင်းလဲမှုကို လိုက်ပါဖို့အတွက် သင်ထောက်ကူပစ္စည်းထောက်ပံ့ ပေးတာ တွေ၊ ဆရာ၊ ဆရာမ တွေကို အရည်အချင်း မြှင့်တင်ပေးတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်ရှင်။