ေက်ာင္းသားလူငယ္ေတြ သင္႐ိုးေတြအျပင္ ျပင္ပစာေပေတြကိုလည္း ဖတ္႐ႈသင့္

0
90

ေက်ာင္းသားလူငယ္ေတြ ေက်ာင္းသင္႐ိုးညႊန္းတမ္းစာေတြအျပင္ ျပင္ပက စာအုပ္စာေပေတြကိုလည္း ေလ့လာဖတ္႐ႈ႕ေစခ်င္တယ္လို႔ အနာဂတ္အလင္းသစ္ စာၾကည့္တိုက္မ်ားျဖစ္ေျမာက္ေရးအဖြဲ႕က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားပါတယ္။

ေက်ာင္းသားလူငယ္ေတြ ေက်ာင္းမွာသင္ၾကားေနတဲ့ သင္႐ိုးညႊန္းတမ္းစာေတြအျပင္ အသိပညာတိုးပြားေစဖို႔ သုတ၊ ရသ စတဲ့ စာေပဗဟုသုတ ရရွိဖို႔လိုအပ္ေနတာေၾကာင့္  ျပင္ပစာေပေတြကိုလည္း ဖတ္ရႈေစခ်င္တယ္လို႔ အနာဂတ္အလင္းသစ္ စာၾကည့္တိုက္မ်ားျဖစ္ေျမာက္ေရးအဖြဲ႕က ေျပာပါတယ္။

ဇူလိုင္လ ၂၀ ရက္ေန႔က မေကြးတိုင္း စလင္းၿမိဳ႕နယ္ ဆင္ျဖဴကၽြန္းၿမိဳ႕ သရက္ခ်ဥ္႐ြာအထက္တန္းေက်ာင္းမွာ အနာဂတ္အလင္းသစ္ စာၾကည့္တိုက္မ်ားျဖစ္ေျမာက္ေရးအဖြဲ႕က စာၾကည့္တိုက္ဖြင့္ပြဲ ျပဳလုပ္ခဲ့တာပါ။

Sound Bite – ဦးမင္းႏိုင္ထြန္း (ဒုတိယဥကၠ႒)

                     အနာဂတ္အလင္းသစ္ စာၾကည့္တိုက္မ်ားျဖစ္ေျမာက္ေရးအဖြဲ႕

ဒါ့အျပင္ တျခားေက်ာင္းေတြမွာလည္း ေက်ာင္းသား၊ ေက်ာင္းသူေတြ စာေတြပိုမိုဖတ္႐ႈႏိုင္ဖို႔ စာၾကည့္တိုက္ေတြ လွဴဒါန္းေပးဖို႔ရွိေနတယ္လို႔လည္း ဆင္ျဖဴကၽြန္းၿမိဳ႕ ပညာသင္ေထာက္ပံ့ေရးအဖြဲ႕ တာဝန္ခံက ေျပာပါတယ္။

Sound Bite – ဦးေအာင္ျမတ္မိုး (တာဝန္ခံ)

                    ဆင္ျဖဴကၽြန္းၿမိဳ႕ ပညာသင္ေရးေထာက္ပံ့ေရးအဖြဲ႕

အရည္အခ်င္းရွိၿပီး စာေတာ္ေပမယ့္ စိတ္ဓာတ္မေကာင္းပါက လူေတာ္လူေကာင္းတစ္ေယာက္ ျဖစ္မလာႏိုင္တာေၾကာင့္ အရည္အခ်င္းရွိၿပီး စိတ္ဓာတ္ပါေကာင္းလာဖို႔ ရည္မွန္းခ်က္ထား သင္ၾကားမႈေတြေပးေနတယ္လို႔ မေကြးတိုင္း စလင္းၿမိဳ႕နယ္ ဆင္ျဖဴကၽြန္းၿမိဳ႕ သရက္ခ်ဥ္႐ြာအထက္တန္းေက်ာင္းရဲ႕ ေက်ာင္းအုပ္ဆရာမႀကီးက ေျပာပါတယ္။

Sound Bite – ေဒၚခ်ိဳမာ (ေက်ာင္းအုပ္ဆရာမ)

                    အေျခခံပညာအထက္တန္းေက်ာင္း၊ သရက္ခ်ဥ္ရြာ

အနာဂတ္အလင္းသစ္ စာၾကည့္တိုက္မ်ားျဖစ္ေျမာက္ေရးအဖြဲ႕ကို ၂၀၁၅ ခုႏွစ္ ၾသဂုတ္လက စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး သရက္ခ်ဥ္႐ြာအထက္တန္းေက်ာင္းစာၾကည့္တိုက္ဖြင့္လွစ္တာဟာ ၁၅ ခုေျမာက္ စာၾကည့္တိုက္လည္း ျဖစ္ပါတယ္ခင္ဗ်ာ။

ကျောင်းသားလူငယ်တွေ ကျောင်းသင်ရိုးညွှန်းတမ်းစာတွေအပြင် ပြင်ပက စာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှု့စေချင်တယ်လို့ အနာဂတ်အလင်းသစ် စာကြည့်တိုက်များဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

ကျောင်းသားလူငယ်တွေ ကျောင်းမှာသင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းစာတွေအပြင် အသိပညာတိုးပွားစေဖို့ သုတ၊ ရသ စတဲ့ စာပေဗဟုသုတ ရရှိဖို့လိုအပ်နေတာကြောင့် ပြင်ပစာပေတွေကိုလည်း ဖတ်ရှုစေချင်တယ်လို့ အနာဂတ်အလင်းသစ် စာကြည့်တိုက်များဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့က မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ရွာအထက်တန်းကျောင်းမှာ အနာဂတ်အလင်းသစ် စာကြည့်တိုက်များဖြစ်မြောက်ရေးအဖွဲ့က စာကြည့်တိုက်ဖွင့်ပွဲ ပြုလုပ်ခဲ့တာပါ။

Sound Bite – ဦးမင်းနိုင်ထွန်း (ဒုတိယဥက္ကဋ္ဌ)
အနာဂတ်အလင်းသစ် စာကြည့်တိုက်များဖြစ်မြောက်ရေးအဖွဲ့

ဒါ့အပြင် တခြားကျောင်းတွေမှာလည်း ကျောင်းသား၊ ကျောင်းသူတွေ စာတွေပိုမိုဖတ်ရှုနိုင်ဖို့ စာကြည့်တိုက်တွေ လှူဒါန်းပေးဖို့ရှိနေတယ်လို့လည်း ဆင်ဖြူကျွန်းမြို့ ပညာသင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

Sound Bite – ဦးအောင်မြတ်မိုး (တာဝန်ခံ)
ဆင်ဖြူကျွန်းမြို့ ပညာသင်ရေးထောက်ပံ့ရေးအဖွဲ့

အရည်အချင်းရှိပြီး စာတော်ပေမယ့် စိတ်ဓာတ်မကောင်းပါက လူတော်လူကောင်းတစ်ယောက် ဖြစ်မလာနိုင်တာကြောင့် အရည်အချင်းရှိပြီး စိတ်ဓာတ်ပါကောင်းလာဖို့ ရည်မှန်းချက်ထား သင်ကြားမှုတွေပေးနေတယ်လို့ မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ရွာအထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

Sound Bite – ဒေါ်ချိုမာ (ကျောင်းအုပ်ဆရာမ)
အခြေခံပညာအထက်တန်းကျောင်း၊ သရက်ချဉ်ရွာ

အနာဂတ်အလင်းသစ် စာကြည့်တိုက်များဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၅ ခုနှစ် သြဂုတ်လက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သရက်ချဉ်ရွာအထက်တန်းကျောင်းစာကြည့်တိုက်ဖွင့်လှစ်တာဟာ ၁၅ ခုမြောက် စာကြည့်တိုက်လည်း ဖြစ်ပါတယ်ခင်ဗျာ။