ေက်ာင္းဆရာေတြက အစိုးရတစ္ခုရဲ႕လႊမ္းမိုးမႈေအာက္ဆိုတာထက္လူထုကိုအေျချပဳတဲ့ ဖက္ကိုပဲသြား ခ်င္တယ္လို႔ UTA ေျပာ

0
69

အစိုးရဆိုတာအေျပာင္း အလဲရွိေနတာေၾကာင့္ ေက်ာင္းဆရာေတြက အစိုးရတစ္ခုရဲ႕လႊမ္းမိုးမႈထက္ လူထုကိုအေျချပဳတဲ့ဖက္ကိုပဲ သြားခ်င္တယ္လို႔ ရန္ကုန္တကၠသုိလ္ဆရာမ်ား သမဂၢရဲ႕ ဥကၠ႒ေဒါက္တာ အာကာမိုးသူကေျပာပါတယ္။

ေအာက္တိုဘာလ ၅ ရက္ေန႔ က ရန္ကုန္တကၠသိုလ္၊၀ိဇၨာခန္းမမွာ ျပဳလုပ္တဲ့ ကမၻာ့ဆရာမ်ားေန႔ မွာ ဥကၠ႒ ေဒါက္တာအာကာမိုးသူက အခုလိုေျပာဆိုခဲ့တာပါ။

ပညာေရးမွာ အစိုးရတစ္ခုရဲ႕ၾသဇာလြမ္းမိုးတယ္ဆိုတာထက္ ဆရာမ်ားဟာ လြတ္လပ္ခြင့္ရွိရမယ္၊  လုပ္ပိုင္ခြင့္ရွိရမယ္ဆိုတဲ့ ရႈေထာင့္ကိုသြားဖို႔ လုပ္ေဆာင္မွာျဖစ္ၿပီး ပညာေရးဆိုတာ အစိုးရတစ္ခုေျပာင္းလဲတိုင္း လိုက္ေျပာင္းလဲေနမယ္ဆိုရင္ အႏၱရာယ္မ်ားတယ္လို႔ ရန္ကုန္တကၠသုိလ္ဆရာမ်ား သမဂၢရဲ႕ ဥကၠ႒ေဒါက္တာ အာကာမိုးသူကေျပာပါတယ္။

ကျောင်းဆရာတွေက အစိုးရတစ်ခုရဲ့လွှမ်းမိုးမှုအောက်ဆိုတာထက်လူထုကိုအခြေပြုတဲ့ ဖက်ကိုပဲသွား ချင်တယ်လို့ UTA ပြော

အစိုးရဆိုတာအပြောင်း အလဲရှိနေတာကြောင့် ကျောင်းဆရာတွေက အစိုးရတစ်ခုရဲ့လွှမ်းမိုးမှုထက် လူထုကိုအခြေပြုတဲ့ဖက်ကိုပဲ သွားချင်တယ်လို့ ရန်ကုန်တက္ကသိုလ်ဆရာများ သမဂ္ဂရဲ့ ဥက္ကဋ္ဌဒေါက်တာ အာကာမိုးသူကပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ က ရန်ကုန်တက္ကသိုလ်၊ဝိဇ္ဇာခန်းမမှာ ပြုလုပ်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက အခုလိုပြောဆိုခဲ့တာပါ။

ပညာရေးမှာ အစိုးရတစ်ခုရဲ့သြဇာလွမ်းမိုးတယ်ဆိုတာထက် ဆရာများဟာ လွတ်လပ်ခွင့်ရှိရမယ်၊ လုပ်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ ရှုထောင့်ကိုသွားဖို့ လုပ်ဆောင်မှာဖြစ်ပြီး ပညာရေးဆိုတာ အစိုးရတစ်ခုပြောင်းလဲတိုင်း လိုက်ပြောင်းလဲနေမယ်ဆိုရင် အန္တရာယ်များတယ်လို့ ရန်ကုန်တက္ကသိုလ်ဆရာများ သမဂ္ဂရဲ့ ဥက္ကဋ္ဌဒေါက်တာ အာကာမိုးသူကပြောပါတယ်။