
0
44




ကျောင်းကျန်းမာရေး စီမံချက်တွေအတွက် ၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်ထည့်သွင်းရေးဆွဲ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) နဲ့ ကျန်းမာရေးဝန်ကြီးဌာန့ပူးပေါင်းပြီးကျောင်းကျန်းမာရေးလုပ်ငန်း တွေ ဆောင်ရွက်သွားမယ့် စီမံချက်တွေကို (၂၀၂ဝ – ၂ဝ၂၁)ဘဏ္ဏာနှစ်အတွက် ဘတ်ဂျက် ထည့်သွင်းရေးဆွဲခဲ့ပါတယ်။

လူနာတွေ ဘေးကင်းလုံခြုံရေး ၊ ကျန်းမာရေးသတင်းအချက်အလက်စနစ် ပိုမိုအားကောင်းရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးတွေကို ဆောင်ရွက်နေတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး လုပ်ငန်းဆောင်ရွက်သွားမယ့် စီမံချက်တွေကို နိုင်ငံတော် ဘဏ္ဏာငွေကလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိတစ်နိုင်ငံလုံးမှာ ကျောင်းကျန်းမာရေးအဖွဲ့ ၈ဝကျော်ရှိပြီး ဝန်ထမ်းအင်အားအပြည့်မရှိတဲ့ မြို့နယ်တွေမှာ ဆရာဝန်တွေသာမက သွားနဲ့ခံတွင်းဆိုင်ရာ ဆရာဝန်တွေ ၊ မြို့နယ်ကျန်းမာရေးမှူးတွေကိုလဲ လိုအပ်သလို ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ပါတယ်။