ေက်ာက္ေတာ္မွာ စက္ေလွ ၂ စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိ၊ ၁ ဦးေသ

0
700

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တူးေျမာင္းေက်းရြာ ရြာလယ္ဇရပ္အနီး တူးေျမာင္းေခ်ာင္းအတြင္း သက္ေလွ ၂ စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိလို႔ ၁ ဦး ေသဆံုးသြားပါတယ္။

မေန႔က မတ္လ ၂၆ ရက္ေန႔မွာ ေအာင္သိန္းေမာင္ (၄၀ ႏွစ္) ေမာင္းႏွင္ၿပီး ဦးေက်ာ္သာ လိုက္ပါလာတဲ့ ဟြန္ဒါစက္တပ္ေလွနဲ႔ ဦးလွလွေအာင္ (၃၀ ႏွစ္) ေမာင္းႏွင္ၿပီး ခရီးသည္ ၅ ဦး လိုက္ပါလာတဲ့ ဟြန္ဒါစက္တပ္ေလွတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ပါတယ္။

ေအာင္သိန္းေမာင္ ေရထဲျပဳတ္က်ၿပီး စက္ေလွပန္ကာနဲ႔ ႐ိုက္မိကာ ဝဲခ်ိဳေစာင္း ေပါက္ၿပဲဒဏ္ရာရရွိလို႔ အခင္းျဖစ္တဲ့ ေနရာမွာပဲ ေသဆံုးသြားပါတယ္။ က်န္ခရီးသည္ေတြက ဒဏ္ရာ မရရွိခဲ့ၾကပါဘူး။ ဦးလွလွေအာင္ကေတာ့ ထြက္ေျပးတိမ္းေရွာင္သြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်တော်မှာ စက်လှေ ၂ စီး မျက်နှာချင်းဆိုင် တိုက်မိ၊ ၁ ဦးသေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာ ရွာလယ်ဇရပ်အနီး တူးမြောင်းချောင်းအတွင်း သက်လှေ ၂ စီး မျက်နှာချင်းဆိုင် တိုက်မိလို့ ၁ ဦး သေဆုံးသွားပါတယ်။

မနေ့က မတ်လ ၂၆ ရက်နေ့မှာ အောင်သိန်းမောင် (၄၀ နှစ်) မောင်းနှင်ပြီး ဦးကျော်သာ လိုက်ပါလာတဲ့ ဟွန်ဒါစက်တပ်လှေနဲ့ ဦးလှလှအောင် (၃၀ နှစ်) မောင်းနှင်ပြီး ခရီးသည် ၅ ဦး လိုက်ပါလာတဲ့ ဟွန်ဒါစက်တပ်လှေတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။

အောင်သိန်းမောင် ရေထဲပြုတ်ကျပြီး စက်လှေပန်ကာနဲ့ ရိုက်မိကာ ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာရရှိလို့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ကျန်ခရီးသည်တွေက ဒဏ်ရာ မရရှိခဲ့ကြပါဘူး။ ဦးလှလှအောင်ကတော့ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။