ေကာ္တင္ဟိုရဲ႕ ေက်ာနံပါတ္ ၇ ကို ဂရစ္ဇမန္း ဝတ္ဆင္မယ္လုိ႔ သတင္းထြက္ေပၚ

0
81

စပိန္ထိပ္သီး ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕လာေတာ့မယ့္ အက္သလက္တီကို တိုက္စစ္မွဴး အန္တိုနီယို ဂရစ္ဇမန္းဟာ အသင္းသစ္မွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားသြားမွာ ျဖစ္ေၾကာင္း စပိန္မီဒီယာေတြက ေဖာ္ျပပါတယ္။ 

ဘာစီလိုနာအသင္းမွာ လက္ရိွေက်ာနံပါတ္ ၇ ကို ကြင္းလယ္လူ ေကာ္တင္ဟိုက ဝတ္ဆင္ေနၿပီး အခုေႏြရာသီမွာပဲ အသင္းကို စြန္႔ခြာမယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။ စပိန္အေျခစိုက္ AS သတင္းစာရဲ႕ အဆိုအရ ဘရာဇီးကြင္းလယ္ ဖန္တီးရွင္ ေကာ္တင္ဟိုဟာ အသင္းေဟာင္း လီဗာပူးကို ျပန္သြားဖို႔နီးစပ္ေနသလို တုိက္စစ္မွဴး ေနမာကို ျပန္ေခၚဖို႔အတြက္ ဘာစီလိုနာအသင္းက အလုိက္ေပးမယ့္ ကစားသမားအျဖစ္ PSG အသင္းကို ေျပာင္းေရႊ႕ရဖို႔လည္း အလားအလာရွိေနပါတယ္။ 

တစ္ခ်ိန္တည္းမွာပဲ ဘာစီလိုနာအသင္းဟာ ျပင္သစ္တိုက္စစ္မွဴး ဂရစ္ဇမန္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၇ သန္းနဲ႔ အက္သလက္တီကုိ အသင္းဆီကေန ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီ ျဖစ္ပါတယ္ ။

ကော်တင်ဟိုရဲ့ ကျောနံပါတ် ၇ ကို ဂရစ်ဇမန်း ဝတ်ဆင်မယ်လို့ သတင်းထွက်ပေါ်


စပိန်ထိပ်သီး ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာတော့မယ့် အက်သလက်တီကို တိုက်စစ်မှူး အန်တိုနီယို ဂရစ်ဇမန်းဟာ အသင်းသစ်မှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြပါတယ်။


ဘာစီလိုနာအသင်းမှာ လက်ရှိကျောနံပါတ် ၇ ကို ကွင်းလယ်လူ ကော်တင်ဟိုက ဝတ်ဆင်နေပြီး အခုနွေရာသီမှာပဲ အသင်းကို စွန့်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ စပိန်အခြေစိုက် AS သတင်းစာရဲ့ အဆိုအရ ဘရာဇီးကွင်းလယ် ဖန်တီးရှင် ကော်တင်ဟိုဟာ အသင်းဟောင်း လီဗာပူးကို ပြန်သွားဖို့နီးစပ်နေသလို တိုက်စစ်မှူး နေမာကို ပြန်ခေါ်ဖို့အတွက် ဘာစီလိုနာအသင်းက အလိုက်ပေးမယ့် ကစားသမားအဖြစ် PSG အသင်းကို ပြောင်းရွှေ့ရဖို့လည်း အလားအလာရှိနေပါတယ်။


တစ်ချိန်တည်းမှာပဲ ဘာစီလိုနာအသင်းဟာ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇမန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ အက်သလက်တီကို အသင်းဆီကနေ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ် ။