
0
27




ကောလာဟလဖြန့်တဲ့ ကက်ရှ်မီးယား အခြေစိုက် Twitter account တွေကို ဆိုင်းငံ့

အိန္ဒိယအစိုးရရဲ့ တောင်းဆိုချက်ကြောင့် Twitter လူမှုကွန်ရက်က ကက်ရှ်မီးယားဒေသကနေ ဖွင့်ထားတဲ့ Twitter account တွေကို ဆိုင်းငံ့လိုက်ပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေး၊ ပါကစ္စတန် စစ်တပ်တို့နဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံရတဲ့ Twitter account တွေဟာ သတင်းမှားတွေ ဖြန့်ရာမှာ ပါဝင်နေတယ်လို့ ဂျမူးနဲ့ ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ပြောပါတယ်။ ကက်ရှ်မီးယား ဒေသ မတည်ငြိမ်အောင် ကောလာဟလ ဖြန့်နေတဲ့ Twitter account ရှစ်ခုကို ပိတ်ပေးဖို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက Twitter ထံ စာပေးပို့ တောင်းဆိုခဲ့တာပါ။

ဒါပေမယ့် ထူးဆန်းတာက Twitter ဟာ လက်ရှိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကိုလမ်ဘီယာ တက္ကသိုလ်နဲ့ အလုပ်လုပ်နေတဲ့ အမ်မီ ဆုရှင် ပါကစ္စတန် ဂျာနယ်လစ် ဝါဂျာဟတ် ဆာအိ ခန်း ပါဝင်နေပါတယ်။ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ပေးပို့တဲ့ စာရင်းထဲမှာ ဆာအိ ခန်း မပါဝင်ပါဘူး။