ေကာင္စစ္ဝန္႐ံုး ဝန္ထမ္းကို တ႐ုတ္ဖမ္းဆီးမႈ ၿဗိတိန္ အလြန္အမင္း စိုးရိမ္

0
57

တ႐ုတ္ျပည္မႀကီးကို ခရီးသြားစဥ္ ေဟာင္ေကာင္ ေကာင္စစ္ဝန္႐ံုးက ဝန္ထမ္းတစ္ဦး ဖမ္းဆီးခံရမႈကို အလြန္အမင္း စိုးရိမ္ေၾကာင္း ၿဗိတိန္က ေျပာပါတယ္။

ၿဗိတိန္ ေကာင္စစ္ဝန္႐ံုး ဝန္ထမ္း ဆိုင္မြန္ ခ်န္း (၂၈ ႏွစ္) ဟာ ရွင္က်န္ၿမိဳ႕ကို အစည္းအေဝးသြားတက္ၿပီးေနာက္ ၾသဂုတ္လ ၈ ရက္ေန႔ကတည္း ျပန္မေရာက္လာခဲ့တာပါ။ သတင္းအခ်က္အလက္ ပိုသိႏိုင္ဖို႔ ဂြမ္ေဒါင္းျပည္နယ္နဲ႔ ေဟာင္ေကာင္ အာဏာပိုင္ေတြထံ ဆက္သြယ္ထားေၾကာင္း ၿဗိတိန္ ႏိုင္ငံျခားေရးႏွင့္ ဓနသဟာယ႐ံုးက ေျပာပါတယ္။

ရွင္က်န္ကေန ေဟာင္ေကာင္ကို အျပန္ ေကာင္စစ္ဝန္႐ံုး ဝန္ထမ္းတစ္ဦး အဖမ္းခံရမႈကို အလြန္အမင္း စိုးရိမ္ေၾကာင္း အဲဒီ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔ ၾသဂုတ္လ ၂၀ ရက္ေန႔အထိ ေဟာင္ေကာင္ရဲတပ္ဖြဲ႔ကေရာ ေဘဂ်င္းရွိ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကပါ အေၾကာင္းျပန္ၾကားျခင္း မရွိေသးပါဘူး။

ကောင်စစ်ဝန်ရုံး ဝန်ထမ်းကို တရုတ်ဖမ်းဆီးမှု ဗြိတိန် အလွန်အမင်း စိုးရိမ်

တရုတ်ပြည်မကြီးကို ခရီးသွားစဉ် ဟောင်ကောင် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရမှုကို အလွန်အမင်း စိုးရိမ်ကြောင်း ဗြိတိန်က ပြောပါတယ်။

ဗြိတိန် ကောင်စစ်ဝန်ရုံး ဝန်ထမ်း ဆိုင်မွန် ချန်း (၂၈ နှစ်) ဟာ ရှင်ကျန်မြို့ကို အစည်းအဝေးသွားတက်ပြီးနောက် သြဂုတ်လ ၈ ရက်နေ့ကတည်း ပြန်မရောက်လာခဲ့တာပါ။ သတင်းအချက်အလက် ပိုသိနိုင်ဖို့ ဂွမ်ဒေါင်းပြည်နယ်နဲ့ ဟောင်ကောင် အာဏာပိုင်တွေထံ ဆက်သွယ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးက ပြောပါတယ်။

ရှင်ကျန်ကနေ ဟောင်ကောင်ကို အပြန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတစ်ဦး အဖမ်းခံရမှုကို အလွန်အမင်း စိုးရိမ်ကြောင်း အဲဒီရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ သြဂုတ်လ ၂၀ ရက်နေ့အထိ ဟောင်ကောင်ရဲတပ်ဖွဲ့ကရော ဘေဂျင်းရှိ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပါ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။