
0
72




ကေတီ ဟုမ်းစ်နဲ့ ဂျင်မီ ဖောက်စ်တို့ လမ်းခွဲ

ခြောက်နှစ်ကြာ လက်တွဲခဲ့ပြီးနောက် ဟောလိဝုဒ် မင်းသမီး ကေတီ ဟုမ်းစ်နဲ့ မင်းသား ဂျင်မီ ဖောက်စ်တို့ လမ်းခွဲလိုက်ကြပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အော်စကာဆုရှင် မင်းသား ဂျင်မီ ဖောက်စ်ဟာ သြဂုတ်လ ၁၆ ရက်နေ့က လော့စ်အိန်ဂျလိစ်ရှိ နိုက်ကလပ် တစ်ခုကနေ အဆိုတော့ ဆီလာ ဗာဗီနဲ့ လက်ချင်းချိတ်ကာ ထွက်သွားတာကို တွေ့ခဲ့ကြပြီးနောက် ဟုမ်းစ်နဲ့ လမ်းခွဲလိုက်ကြောင်း သတင်းထွေ ပိုခိုင်မာလာတာ ဖြစ်ပါတယ်။

သူတို့ မတွဲတာ လအတော်ကြာပြီဖြစ်ကြောင်း ဟုမ်းစ်က သူ့မိတ်ဆွေ တစ်ဦးကို ပြောခဲ့ပါတယ်။ တခြား သတင်းရင်းမြစ်တစ်ခုကတော့ ဟုမ်းစ်နဲ့ ဖောက်စ် လမ်းခွဲခဲ့တာ ပြီးခဲ့တဲ့ မေလကတည်းက ဖြစ်တယ်လို့ ပြောပါတယ်။ ကေတီ ဟုမ်းစ်ဟာ မင်းသား တွမ် ခရုစ်နဲ့ ကွာရှင်းပြီး နောက်တစ်နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ ဖောက်စ်နဲ့ စတွဲခဲ့တာ ဖြစ်ပါတယ်။