
0
48




ကေတီ ပယ်ရီနဲ့ အမြန်ဆုံး လက်ထပ်ချင်ကြောင်း အော်လန်ဒိုဘလွန်း ပြော


အဆိုတော် ကေတီ ပယ်ရီနဲ့ အမြန်ဆုံး လက်ထပ်ပြီး သားသမီးတွေ ရယူလိုကြောင်း ဟောလိဝုဒ် မင်းသား အော်လန်ဒို ဘလွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လကုန်ကမှ ထွက်ရှိထားတဲ့ ‘Carnival Row’ ရုပ်ရှင်သရုပ်ဆောင် အော်လန်ဒို ဘလွန်းဟာ ဇနီးဟောင်း မီရင်ဒါ ကားနဲ့ ၈ နှစ်အရွယ် ကလေးတစ်ဦးရှိပြီး လက်ရှိမှာ ကေတီ ပယ်ရီနဲ့ ချစ်ကြိုက်နေပါတယ်။


အဆိုတော် ကေတီ ပယ်ရီနဲ့အတူ အိမ်ထောင်သည်ဘဝ ထူထောင်ရမှာကို စိတ်လှုပ်ရှားကြောင်း၊ ဘဝမှာ သားသမီး ထပ်ယူလိုကြောင်း၊ ကေတီ ပယ်ရီနဲ့ အမြန်ဆုံး လက်ထပ်ခွင့် ရရေးက ဘဝမှာ အရေးအကြီးဆုံး အရာတစ်ခု ဖြစ်ကြောင်း အော်လန်ဒိုဘလွန်းက ပြောပါတယ်။ အဆိုတော် တစ်ဦးနဲ့ လက်ထပ်ချိန်မှာ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို အတူ ရင်ဆိုင်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း အော်လန်ဒို ဘလွန်းက ပြောပါတယ်။