ဧရာဝတီျမစ္အတြင္း ေန႔စဥ္ ပလတ္စတစ္ အမိႈက္တန္ခ်ိန္ ၁၁၉ တန္ စြန္႔ပစ္ေန

0
32

ျမန္မာႏိုင္ငံရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ဧရာဝတီျမစ္အတြင္းကို ေန႔စဥ္ ပလတ္စတစ္ အမိႈက္တန္ခ်ိန္ ၁၁၉ စြန္႔ပစ္ေနေၾကာင္း ပညာရွင္ေတြက ေတြ႔ရွိခဲ့ပါတယ္။

Fauna & Flora International နဲ႔ ျမန္မာႏိုင္ငံမွာ ပလတ္စတစ္ ညစ္ညမ္းမႈကို ဆန္႔က်င္ေနတဲ့ လူမႈအဖြဲ႔အစည္းျဖစ္တဲ့ “သန္႔ျမန္မာ” တို႔ရဲ႕ လတ္တေလာ ေလ့လာမႈအရ ဧရာဝတီျမစ္ဟာ ပလတ္စတစ္ ညစ္ညမ္းမႈဒဏ္ကို အလြန္အမင္း ခံစားေနရေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။ မႏၱေလးကေန ျပည္ကို စီးဆင္းေနတဲ့ ေရးစီးေၾကာင္းတစ္ေလွ်ာက္ ကၽြမ္းက်င္ပညာရွင္ေတြက သုေတသနျပဳခဲ့ရာမွာ ျမစ္ထဲကို ပလတ္စတစ္ အမႈိက္ ၁၁၉ တန္ ေန႔စဥ္ဝင္ေရာက္ေနတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ 

ညစ္ညမ္းမႈ အမ်ားဆံုးေနရာကေတာ့ အမိႈက္ ၃၂ တန္ဝန္းက်င္ ေန႔စဥ္စြန္႔ပစ္ေနတဲ့ ျမစ္ဝကၽြန္းေပၚေဒသနဲ႔ ဒုတိယ အမ်ားဆံုးက ရန္ကုန္ျမစ္ထဲမွာ ခန္႔မွန္းေျခ ပလတ္စတစ္အမႈိက္ ၂၉ တန္ ေန႔စဥ္စြန္႔ပစ္ ေနေၾကာင္း ေတြ႔ရိွရွိခဲ့ပါတယ္။

ဧရာဝတီမြစ်အတွင်း နေ့စဉ် ပလတ်စတစ် အမှိုက်တန်ချိန် ၁၁၉ တန် စွန့်ပစ်နေ


မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်အတွင်းကို နေ့စဉ် ပလတ်စတစ် အမှိုက်တန်ချိန် ၁၁၉ စွန့်ပစ်နေကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

Fauna & Flora International နဲ့ မြန်မာနိုင်ငံမှာ ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်နေတဲ့ လူမှုအဖွဲ့အစည်းဖြစ်တဲ့ “သန့်မြန်မာ” တို့ရဲ့ လတ်တလော လေ့လာမှုအရ ဧရာဝတီမြစ်ဟာ ပလတ်စတစ် ညစ်ညမ်းမှုဒဏ်ကို အလွန်အမင်း ခံစားနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ မန္တလေးကနေ ပြည်ကို စီးဆင်းနေတဲ့ ရေးစီးကြောင်းတစ်လျှောက် ကျွမ်းကျင်ပညာရှင်တွေက သုတေသနပြုခဲ့ရာမှာ မြစ်ထဲကို ပလတ်စတစ် အမှိုက် ၁၁၉ တန် နေ့စဉ်ဝင်ရောက်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ညစ်ညမ်းမှု အများဆုံးနေရာကတော့ အမှိုက် ၃၂ တန်ဝန်းကျင် နေ့စဉ်စွန့်ပစ်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဒုတိယ အများဆုံးက ရန်ကုန်မြစ်ထဲမှာ ခန့်မှန်းခြေ ပလတ်စတစ်အမှိုက် ၂၉ တန် နေ့စဉ်စွန့်ပစ် နေကြောင်း တွေ့ရှိရှိခဲ့ပါတယ်။