ဧရာဝတီတိုင္းေဒသႀကီး ေရခ်ဳိငါးလုပ္ငန္းဥပေဒကို ျပင္ဆင္ဖို႔ မူဝါဒေရးဆြဲမယ္

0
31

ဧရာ၀တီတိုင္းေဒသႀကီး ေရခ်ိဳငါးလုပ္ငန္းဥပေဒကို ျပင္ဆင္ႏုိင္ဖို႔ မူ၀ါဒစာတမ္းေရးဆြဲမယ္လို႔ ေသြးစည္းညီညြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ျမန္မာ က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ၿဖိဳးမင္းပိုင္က ေပးပို႔ထားပါတယ္။

ေရခ်ိဳငါးလုပ္ငန္းဥပေဒကို ၿပီးခဲ့တဲ့ အစိုးရလက္ထက္မွာေရးဆြဲျပဌာန္းခဲ့တာျဖစ္ပါတယ္။ အခုလက္ရွိမွာ အဲဒီ ဥပေဒကို အေျခခံငါးဖမ္းလုပ္သားေတြအတြက္ အခြင့္အေရးနဲ႔ ရပိုင္ခြင့္ေတြ ျဖည့္စြက္ျပင္ဆင္ႏုိင္ဖို႔ ေသြးစည္းညီညြတ္ေသာသမဂၢမ်ားအဖြဲ႕ခ်ဳပ္ျမန္မာက မူ၀ါဒစာတမ္းေရးဆြဲသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အခုလို ျပင္ဆင္ဖို႔ လုပ္ေဆာင္ရတာဟာ ဧရာ၀တီတိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ အေျခခံေရလုပ္သားေတြ ဟာ အင္းသူႀကီးေတြ အၾကား အျငင္းပြားမႈေတြျဖစ္ေနသလို၊ လုပ္စားပိုင္ခြင့္ေတြ ေပ်ာက္ဆံုးေနတဲ့အတြက္ ဥပေဒျပဌာန္းခ်က္ တစ္ခ်ိဳ႕ကို ျပင္ဆင္ဖို႔ လိုအပ္ေနတာျဖစ္တယ္လို႔  ေသြးစည္းညီညြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ျမန္မာက ေျပာပါတယ္။

Soundbite း ေဒၚမ်ိဳးမ်ိဳးေအး (Program Director)ေသြးစည္းညီညြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ျမန္မာ

လက္ရွိမွာ ဧရာ၀တီတိုင္းေဒသႀကီးအတြင္းရွိ အင္းသူႀကီးေတြနဲ႔ ေရလုပ္သားေတြအၾကား အျငင္းပြားမႈေတြရွိေနၿပီး၊ က်ံဳေပ်ာ္ၿမိဳ႕နယ္မွာလည္း ဒီလို အျငင္းပြားမႈေတြေျဖစ္ေနတာျဖစ္ပါတယ္။

Soundbite း ဦးဆန္းညႊန္႔၊ က်ံဳေပ်ာ္ၿမိဳ႕နယ္၊ ရွားခဲေက်းရြာအုပ္စု

ေရခ်ိဳငါးလုပ္ငန္းဥပေဒကို ဧရာ၀တီတိုင္းေဒသႀကီးအေနနဲ႔ ျပန္လည္ျပင္ဆင္ပါက ေရလုပ္သားေတြ ႀကံဳေတြ႔ေနရတဲ့ အခက္ခဲေတြေလ်ာ့သြားမယ္လို႔ ေရလုပ္သားေတြက ယံုၾကည္ေနၾကတာျဖစ္ပါတယ္။

ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်နိုင်ဖို့ မူဝါဒစာတမ်းရေးဆွဲမယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။

ရေချိုငါးလုပ်ငန်းဥပဒေကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာရေးဆွဲပြဌာန်းခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာ အဲဒီ ဥပဒေကို အခြေခံငါးဖမ်းလုပ်သားတွေအတွက် အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ဖြည့်စွက်ပြင်ဆင်နိုင်ဖို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာက မူဝါဒစာတမ်းရေးဆွဲသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အခုလို ပြင်ဆင်ဖို့ လုပ်ဆောင်ရတာဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံရေလုပ်သားတွေ ဟာ အင်းသူကြီးတွေ အကြား အငြင်းပွားမှုတွေဖြစ်နေသလို၊ လုပ်စားပိုင်ခွင့်တွေ ပျောက်ဆုံးနေတဲ့အတွက် ဥပဒေပြဌာန်းချက် တစ်ချို့ကို ပြင်ဆင်ဖို့ လိုအပ်နေတာဖြစ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာက ပြောပါတယ်။

Soundbite း ဒေါ်မျိုးမျိုးအေး (Program Director)သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ

လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အင်းသူကြီးတွေနဲ့ ရေလုပ်သားတွေအကြား အငြင်းပွားမှုတွေရှိနေပြီး၊ ကျုံပျော်မြို့နယ်မှာလည်း ဒီလို အငြင်းပွားမှုတွေဖြေစ်နေတာဖြစ်ပါတယ်။

Soundbite း ဦးဆန်းညွှန့်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု

ရေချိုငါးလုပ်ငန်းဥပဒေကို ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ပြန်လည်ပြင်ဆင်ပါက ရေလုပ်သားတွေ ကြုံတွေ့နေရတဲ့ အခက်ခဲတွေလျော့သွားမယ်လို့ ရေလုပ်သားတွေက ယုံကြည်နေကြတာဖြစ်ပါတယ်။