ဦးသန္းေရႊရဲ႕ သားမက္နာေရးကို ေဒၚေအာင္ဆန္းစုၾကည္ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔

0
201

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊရဲ႕ သားမက္ျဖစ္သူ ဗိုလ္မွဴးခ်ဳပ္ေဟာင္း ဦးသိန္းႏိုင္ရဲ႕ နာေရးအခမ္းအနားအတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဇြန္လ ၁၄ ရက္ေန႔မွာ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့ပါတယ္။

အဲဒီနာေရးအခမ္းအနားကို ေနျပည္ေတာ္ တပ္မေတာ္စစ္ေဆး႐ုံမွာ ျပဳလုပ္ခဲ႔တာ ျဖစ္ၿပီး၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊနဲ႔ ဇနီးျဖစ္သူ ေဒၚႀကိဳင္ႀကိဳင္တို႔ တက္ေရာက္ခဲ့သလို လက္ရွိ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဒုတိယ တပ္ခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းတို႔ တက္ေရာက္ခဲ႔ပါတယ္။

ကြယ္လြန္သူ ဗိုလ္မွဴးခ်ဳပ္ေဟာင္း ဦးသိန္းႏိုင္က ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး အျဖစ္ ေဆာင္ရြက္ခဲ့သူ ျဖစ္ၿပီး၊ ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ အနားယူသြားခဲ့သူ ျဖစ္ပါတယ္။

ဦးသန်းရွှေရဲ့ သားမက်နာရေးကို ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင်ရဲ့ နာရေးအခမ်းအနားအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ ရက်နေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အဲဒီနာရေးအခမ်းအနားကို နေပြည်တော် တပ်မတော်စစ်ဆေးရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ တက်ရောက်ခဲ့သလို လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်ခဲ့ပါတယ်။

ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အနားယူသွားခဲ့သူ ဖြစ်ပါတယ်။