
0
94




ဦးဝီရသူ သီတင်းသုံးတဲ့ ကျောင်းတိုက်မှာ ဝရမ်းကပ်


ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အလိုရှိနေတဲ့ ဦးဝီရသူ သီတင်းသုံးတဲ့ မစိုးရိမ်တိုက်သစ်ရှိ ဓမ္မသဟာယ ကျောင်းတိုက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝရမ်းကပ်ခဲ့ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က မြို့နယ်သံဃနာယကအဖွဲ့ဝင်တွေနဲ့ မဟာအောင်မြေမြို့ နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဦးဝီရသူ သီတင်းသုံးတဲ့ ကျောင်းတိုက်ရှေ့ရှိ ကြော်ငြာဘုတ်မှာ ဝရမ်းကပ်ခဲ့တာပါ။

ကျောင်းတိုက်ရှေ့မှာ ကပ်ခဲ့တဲ့ ဝရမ်းမှာ ဦးဝီရသူအနေနဲ့ စွပ်စွဲချက်တွေကို ထုချေရှင်းလင်းဖို့ သြဂုတ် ၉ ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးကို လာရောက်ဖို့ ပါရှိပါတယ်။