ဥေရာပ ႏိုင္ငံေတြ မြတ္စလင္ဒုကၡသည္ လက္ခံရင္ ဖိလစ္ပိုင္လည္း လက္ခံမယ္လို႔ ဒူတာေတး ေျပာ

0
821

ဥေရာပႏိုင္ငံေတြ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ေတြကို လက္ခံရင္ ဖိလစ္ပိုင္လည္း အလားတူ လက္ခံမယ္လို႔ ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂို ဒူတာေတးက ေျပာလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ သမၼတ နန္းေတာ္မွာ ဧၿပီလ ၅ ရက္ေန႔က က်င္းပတဲ့ ဆုေပးပြဲမွာ သမၼတ ဒူတာေတးက ေျပာသြားတာ ျဖစ္ပါတယ္။ သူတို႔ (ဥေရာပ) ဟာ ဘဂၤါလီမြတ္စလင္ ျပႆနာေတာင္ မေျဖရွင္းႏိုင္ေၾကာင္း၊ ကြ်န္ေတာ္က သူ (ေဒၚေအာင္ဆန္းစုၾကည္) နဲ႔ မိတ္ေဆြျဖစ္ေၾကာင္း၊ ဒုကၡသည္ေတြကို လက္ခံဖို႔ ဆႏၵရွိေၾကာင္းနဲ႔ ဥေရာပကလည္း ခြဲေဝယူမယ္ဆိုရင္ ကြ်န္ေတာ္လည္း ကူညီလိုေၾကာင္း သမၼတ ဒူတာေတးက ေျပာသြားတာ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ကစတင္တဲ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး စစ္ပြဲမွာ လူ ၄ ေထာင္ေက်ာ္ အသတ္ခံရတာနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုးက ကနဦး စစ္ေဆးမႈေတြ ျပဳလုပ္ေနတာကိုလည္း သမၼတ ဒူတာေတးက ေဝဖန္သြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥရောပ နိုင်ငံတွေ မွတ်စလင်ဒုက္ခသည် လက်ခံရင် ဖိလစ်ပိုင်လည်း လက်ခံမယ်လို့ ဒူတာတေး ပြော

ဥရောပနိုင်ငံတွေ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေကို လက်ခံရင် ဖိလစ်ပိုင်လည်း အလားတူ လက်ခံမယ်လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ သမ္မတ နန်းတော်မှာ ဧပြီလ ၅ ရက်နေ့က ကျင်းပတဲ့ ဆုပေးပွဲမှာ သမ္မတ ဒူတာတေးက ပြောသွားတာ ဖြစ်ပါတယ်။ သူတို့ (ဥရောပ) ဟာ ဘင်္ဂါလီမွတ်စလင် ပြဿနာတောင် မဖြေရှင်းနိုင်ကြောင်း၊ ကျွန်တော်က သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ မိတ်ဆွေဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို လက်ခံဖို့ ဆန္ဒရှိကြောင်းနဲ့ ဥရောပကလည်း ခွဲဝေယူမယ်ဆိုရင် ကျွန်တော်လည်း ကူညီလိုကြောင်း သမ္မတ ဒူတာတေးက ပြောသွားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကစတင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲမှာ လူ ၄ ထောင်ကျော် အသတ်ခံရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံးက ကနဦး စစ်ဆေးမှုတွေ ပြုလုပ်နေတာကိုလည်း သမ္မတ ဒူတာတေးက ဝေဖန်သွားပါတယ်။