ဥေရာပသမဂၢက ျမန္မာႏိုင္ငံကို ယူ႐ို ၉ သန္း ေထာက္ပံ့မယ္

0
43

ျမန္မာႏိုင္ငံရွိ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ေဒသေတြက မိသားစုေတြ လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီသစ္အျဖစ္ ယူ႐ို ၉ သန္း (အေမရိကန္ ေဒၚလာ ၉ ဒသမ ၈ သန္း) ေထာက္ပံ့မယ္လို႔ မေန႔ စက္တင္ဘာလ ၂ ရက္ေန႔မွာ ဥေရာပ ေကာ္မရွင္က ေၾကညာလိုက္ပါတယ္။

အထူးသျဖင့္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ရွိ ျပည္သူေတြကို ေထာက္ပံ့ေပးဖို႔ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက အေျခအေနဟာ ဘဂၤါလီ ကိစၥသာမကေၾကာင္း၊ ဆက္လက္ျဖစ္ပြားေနတဲ့ ပဋိပကၡေတြေၾကာင့္ ေနအိမ္စြန္႔ခြာရတဲ့ ျမန္မာျပည္က ျပည္သူေတြကို ေမ့မထားႏိုင္ေၾကာင္း၊ အရပ္သားေတြကို အကာအကြယ္ေပးေရးဟာ ဥေရာပ သမဂၢရဲ႕ ထိပ္တန္း ဦးစားေပးအျဖစ္ ဆက္ရွိေနေၾကာင္း လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီႏွင့္ အရပ္သား အကာအကြယ္ေပးေရးဆိုင္ရာ ဥေရာပ သမဂၢ ေကာ္မရွင္နာမင္းႀကီး ခရစၥတို စတိုင္လီယာနီဒက္စ္က ေျပာပါတယ္။

ပဋိပကၡေတြမွာ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႔ေတြဟာ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒေတြကို လိုက္နာရမွာ ျဖစ္ၿပီး ႏိုင္ငံတဝန္းကို အကူအညီေတြ မေရာက္ရွိေအာင္ တားျမစ္တာမ်ိဳး မလုပ္ဖို႔ လိုေၾကာင္းလည္း မစၥတာ စတိုင္လီယာနီဒက္စ္က ေျပာပါတယ္။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယူရို ၉ သန်း ထောက်ပံ့မယ်


မြန်မာနိုင်ငံရှိ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသတွေက မိသားစုတွေ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီသစ်အဖြစ် ယူရို ၉ သန်း (အမေရိကန် ဒေါ်လာ ၉ ဒသမ ၈ သန်း) ထောက်ပံ့မယ်လို့ မနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ဥရောပ ကော်မရှင်က ကြေညာလိုက်ပါတယ်။


အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ပြည်သူတွေကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေဟာ ဘင်္ဂါလီ ကိစ္စသာမကကြောင်း၊ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာရတဲ့ မြန်မာပြည်က ပြည်သူတွေကို မေ့မထားနိုင်ကြောင်း၊ အရပ်သားတွေကို အကာအကွယ်ပေးရေးဟာ ဥရောပ သမဂ္ဂရဲ့ ထိပ်တန်း ဦးစားပေးအဖြစ် ဆက်ရှိနေကြောင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် အရပ်သား အကာအကွယ်ပေးရေးဆိုင်ရာ ဥရောပ သမဂ္ဂ ကော်မရှင်နာမင်းကြီး ခရစ္စတို စတိုင်လီယာနီဒက်စ်က ပြောပါတယ်။


ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာရမှာ ဖြစ်ပြီး နိုင်ငံတဝန်းကို အကူအညီတွေ မရောက်ရှိအောင် တားမြစ်တာမျိုး မလုပ်ဖို့ လိုကြောင်းလည်း မစ္စတာ စတိုင်လီယာနီဒက်စ်က ပြောပါတယ်။