
0
32




ဥရောပတိုက် စက်ဘီးစီးပြိုင်ပွဲမှာ ချန်ယံဖြစ်လာတဲ့ ဂျာမနီအမျိုးသမီး ကိုလ်ဘင်ဂျာ


ဥရောပတိုက်နိုင်ငံတွေကို ဖြတ်သန်းပြေးရတဲ့ စက်ဘီးစီးပြိုင်ပွဲမှာဂျာမနီ နိုင်ငံ က ဖီအိုနာ ကိုလ်ဘင်ဂျာ က ပထမဆုံးအမျိုးသမီး စက်ဘီးစီးချန်ပီယံဆုကို ရရှိခဲ့ပါတယ်။


အဲဒီပြိုင်ပွဲမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မိုင်ပေါင်း ၂၄၈၅ မိုင် စက်ဘီးစီးပြိုင်ရတာပါ။ ဂျာမနီအမျိုးသမီးကိုလ်ဘင်ဂျာဟာ မိုင်ပေါင်း ၂၄၈၅ မိုင်ကို ၁၀ ရက်၊ နှစ်နာရီ၊ ၄၈ မိနစ်နဲ့ စက်ဘီးစီးနိုင်ခဲ့ပြီး ချန်ပီယံ ဆု ရရှိခဲ့တာဖြစ်ပါတယ်။


ဂျာမနီအမျိုသမီး ကိုလ်ဘင် ဂျာ ဟာ အမျိုးသား စက်ဘီးသမား ၂၀ဝ ကျော်ကို ကျော်ဖြတ်ပြီး ချန်ပီယံဆု ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီနှစ်မှာ ကျင်းပတဲ့အပြေးပြိုင်ပွဲကို ဘူဂေးရီးယားနိုင်ငံ ဘာဂတ်မြို့က စတင် တာထွက်ခဲ့ပြီး ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘရက် မြို့မှာ ပန်းဝင်စေခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေ က ပြောပါတယ်။