ဦးမင္းကိုႏိုင္ကို တပ္မေတာ္က ျပင္းထန္စြာ ကန္႔ကြက္႐ႈတ္ခ်

0
3851

မသိနားမလည္ဘဲ ေျပာၾကားခဲ့တဲ့ ဦးမင္းကိုႏိုင္ကို တပ္မေတာ္က ျပင္းထန္စြာကန္႔ကြက္ရႈတ္ခ် လိုက္ပါတယ္။

ဇန္နဝါရီလ ၂၇ ရက္ စေနေန႔က ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰလူငယ္ေလ့က်င့္ေရးစခန္းမွာ က်င္းပခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ပင္လံု ႀကိဳဆိုေထာက္ခံပြဲက သရုပ္ေဖာ္တင္ဆက္မႈတခ်ဳိ႕နဲ႔ ဦးမင္းကိုႏိုင္ရဲ႕ ေဟာေျပာမႈေတြအေပၚ တပ္မေတာ္က ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။

၈၈ မ်ဳိးဆက္ (ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္း) က ဦးေဆာင္ က်င္းပခဲ့တဲ့ အဲ့ဒီအခမ္းအနားမွာ ဦးမင္းကိုႏုိင္ေျပာၾကားခဲ့တဲ့ ကေလးစစ္သား အသံုးျပဳျခင္းဆုိင္ရာ ေဟာေျပာခ်က္အပါအဝင္ သ႐ုပ္ေဖာ္ျပသမႈတခ်ဳိ႕ဟာ တပ္မေတာ္နဲ႔ လက္နက္ကိုုင္အဖဲြ႔အစည္းေတြၾကား ထာဝရၿငိမ္းခ်မ္းေရး ရ႐ွိေအာင္ ႀကိဳးပမ္းမႈေတြကို ထိခိုက္ေစတဲ့အျပင္ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာနဲ႔ ပံုရိပ္ကို ထိခိုက္နစ္နာေစတယ္လို႔ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးမင်းကိုနိုင်ကို တပ်မတော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

မသိနားမလည်ဘဲ ပြောကြားခဲ့တဲ့ ဦးမင်းကိုနိုင်ကို တပ်မတော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။

ဇန်နဝါရီလ ၂၇ ရက် စနေနေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ ကြိုဆိုထောက်ခံပွဲက သရုပ်ဖော်တင်ဆက်မှုတချို့နဲ့ ဦးမင်းကိုနိုင်ရဲ့ ဟောပြောမှုတွေအပေါ် တပ်မတော်က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးဆောင် ကျင်းပခဲ့တဲ့ အဲ့ဒီအခမ်းအနားမှာ ဦးမင်းကိုနိုင်ပြောကြားခဲ့တဲ့ ကလေးစစ်သား အသုံးပြုခြင်းဆိုင်ရာ ဟောပြောချက်အပါအဝင် သရုပ်ဖော်ပြသမှုတချို့ဟာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းမှုတွေကို ထိခိုက်စေတဲ့အပြင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်နစ်နာစေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။