ဥပေဒၾကမ္း ႐ုတ္သိမ္းေပမယ့္ ေဟာင္ေကာင္မွာ ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ေပၚ

0
35

ရာဇဝတ္မႈ က်ဴးလြန္သူေတြကို တ႐ုတ္ျပည္မထံ လႊဲေျပာင္းေပးမယ့္ ဥပေဒမူၾကမ္းကို ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴးက ႐ုတ္သိမ္းလိုက္ေပမယ့္ ေဟာင္ေကာင္မွာ ဆႏၵျပမႈေတြ ဆက္လက္ ျဖစ္ေပၚေနဆဲ ျဖစ္ပါတယ္။ 

ရာဇဝတ္မႈ က်ဴးလြန္သူေတြကို တ႐ုတ္ႏိုင္ငံထံ လႊဲေျပာင္းေပးမယ့္ ဥပေဒမူၾကမ္းကို မေက်နပ္လို႔ ေဟာင္ေကာင္ ျပည္သူေတြဟာ သံုးလေက်ာ္ၾကာ ဆႏၵျပခဲ့ပါတယ္။ ဥပေဒမူၾကမ္းကို ႐ုတ္သိမ္းလိုက္တဲ့အျပင္ ေဟာင္ေကာင္ ဆႏၵျပအုပ္စုေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္းက ဆႏၵရွိေနပါတယ္။ ေဟာင္ေကာင္ လူ႔အဖြဲ႔အစည္းအတြင္း အျမင္မတူညီမႈေတြကို ေျဖရွင္းႏိုင္ေအာင္ နည္းလမ္းရွာဖို႔ ဆႏၵျပသူအုပ္စုေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးလိုတယ္လို႔ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ 

ဥပေဒၾကမ္းကို ဖ်က္သိမ္း႐ံုနဲ႔ ဆႏၵျပပြဲေတြ ရပ္တန္႔ဖို႔ မလံုေလာက္ဘဲ ေတာင္းဆိုခ်က္ေတြကို ေဟာင္ေကာင္ အာဏာပိုင္ေတြ လက္ခံခ်ိန္အထိ ဆႏၵျပသြားမယ္လို႔ ဆႏၵျပအုပ္စုေတြက ေျပာပါတယ္။ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴးကို ရာထူးက ႏုတ္ထြက္ဖို႔နဲ႔ ဖမ္းဆီးထားသူေတြ အျမန္ဆံုးျပန္လႊတ္ေပးဖို႔ ဆႏၵျပအုပ္စုေတြက ေတာင္းဆိုထားပါတယ္။

ဥပဒေကြမ်း ရုတ်သိမ်းပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်


ရာဇဝတ်မှု ကျူးလွန်သူတွေကို တရုတ်ပြည်မထံ လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်းကို ဟောင်ကောင် အုပ်ချုပ်ရေးမှူးက ရုတ်သိမ်းလိုက်ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။


ရာဇဝတ်မှု ကျူးလွန်သူတွေကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်းကို မကျေနပ်လို့ ဟောင်ကောင် ပြည်သူတွေဟာ သုံးလကျော်ကြာ ဆန္ဒပြခဲ့ပါတယ်။ ဥပဒေမူကြမ်းကို ရုတ်သိမ်းလိုက်တဲ့အပြင် ဟောင်ကောင် ဆန္ဒပြအုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်းက ဆန္ဒရှိနေပါတယ်။ ဟောင်ကောင် လူ့အဖွဲ့အစည်းအတွင်း အမြင်မတူညီမှုတွေကို ဖြေရှင်းနိုင်အောင် နည်းလမ်းရှာဖို့ ဆန္ဒပြသူအုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။


ဥပဒေကြမ်းကို ဖျက်သိမ်းရုံနဲ့ ဆန္ဒပြပွဲတွေ ရပ်တန့်ဖို့ မလုံလောက်ဘဲ တောင်းဆိုချက်တွေကို ဟောင်ကောင် အာဏာပိုင်တွေ လက်ခံချိန်အထိ ဆန္ဒပြသွားမယ်လို့ ဆန္ဒပြအုပ်စုတွေက ပြောပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရာထူးက နုတ်ထွက်ဖို့နဲ့ ဖမ်းဆီးထားသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆန္ဒပြအုပ်စုတွေက တောင်းဆိုထားပါတယ်။