
0
53




အနုပညာလောက ကနေ အပြီးထွက်တော့မယ့် မင်းသမီး ဂိုဟေးဆန်


တောင်ကိုရီးယား မင်းသမီးနဲ့ အဆိုတော် ဂိုဟေးဆန်ဟာ အနုပညာလုပ်ငန်းတွေကနေ ထွက်တော့မယ်လို့ တောင်ကိုရီးယား သတင်းတွေက ဖော်ပြပါတယ်။
ဂိုဟေးဆန်ဟာ တက္ကသိုလ်ပြန်တက်မှာ ဖြစ်တဲ့အတွက် အနုပညာလုပ်ငန်းတွေကို အနားယူတော့မှာ ဖြစ်တယ်လို့ ဂိုဟေးဆန်ရဲ့ ရှေ့နေဖြစ်သူ ဂျန်ကွမ်ဆုက ပြောပါတယ်။

ဂိုဟေးဆန်း ကိုယ်တိုင်ကလည်း သူ့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို နုတ်ဆက်ကြောင်း၊ ပရိသတ်တွေအားလုံး ကျန်းမာ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ဆုမွန်ကောင်းတောင်းကြောင်း အင်စတာဂရမ် ကနေတဆင့် အသိပေးကြေညာခဲ့ပါတယ်။


မင်းသမီး ဂိုဟေးဆန်ဟာ ၂၀ဝ၆ ခုနှစ်က Pure in Heart, ၂၀ဝ၇ ခုနှစ်က The King And I, ၂၀ဝ၉ ခုနှစ်က Boys Over Flowers, ၂၀၁၂ ခုနှစ်က Take Care of Us, Captain စတဲ့ ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။