အၾကမ္းဖက္ တိုက္ခိုက္မႈေၾကာင့္ ေသဆံုးသူ အေရအတြက္ ေလ်ာ့နည္းလာ

0
228

အၾကမ္းဖက္ တုိက္ခိုက္ေရးသမားေတြဟာ ၂၀၁၆ ခုႏွစ္အတြင္း ႏုိင္ငံအမ်ားအျပားကို ပစ္မွတ္ထား တုိက္ခိုက္မႈေတြ လုပ္ခဲ့ေပမယ့္ လူေသဆံုးမႈ ေလွ်ာ့နည္းခဲ့တယ္လို႔ ကမာ႔ၻအၾကမ္းဖက္ တိုက္ခိုက္မႈ ေစာင့္ၾကည့္ေရး အဖြဲ႔ျဖစ္တဲ့ GTI က ေဖာ္ျပခဲ့ပါတယ္။  

၂၀၁၆ ခုႏွစ္အတြင္း အၾကမ္းဖက္ တိုက္ခုိက္မႈေတြေၾကာင့္ ေသဆံုးခဲ့သူဟာ ၂၅၆၇၃ ဦး ရွိခဲ့ၿပီး ၂၀၁၄ ခုႏွစ္က ေသဆံုးခဲ့သူ အေရအတြက္နဲ႔ ႏႈိင္းယွဥ္ရင္ ၂၀ ရာခိုင္ႏႈန္း ေလွ်ာ့နည္းခဲ့ပါတယ္။

အၾကမ္းဖက္ တိုက္ခိုက္ခံရမႈ အနည္းဆံုး ေဒသေတြထဲမွာ အာရွ ပစိဖိတ္ေဒသက တတိယ ေနရာမွာ ရွိေနခ့ဲပါတယ္။

အာရွ ပစိဖိတ္ေဒသရွိ ႏုိင္ငံေတြထဲမွာ ဖိလစ္ပိုင္ႏုိင္ငံဟာ အၾကမ္းဖက္တုိက္ခိုက္မႈဒဏ္ကို အမ်ားဆံုး ခံခဲ့ရၿပီး ၁၂ ႀကိမ္ ျဖစ္ခဲ့တယ္လို႔ GTI က ေဖာ္ျပထားပါတယ္။

၂၀၀၂ ခုႏွစ္ ေနာက္ပိုင္းတည္းက အာရွ ပစိဖိတ္ေဒသမွာ အၾကမ္းဖက္ တိုက္ခိုက္မႈနဲ႔ ဆက္ႏႊယ္တဲ့ လႈပ္ရွားသူေတြ တျဖည္းျဖည္း ျမင့္တက္လာေနတယ္လို႔ GTI က ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် လျော့နည်းလာ

အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေဟာ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမယ့် လူသေဆုံးမှု လျှော့နည်းခဲ့တယ်လို့ ကမာ့္ဘအကြမ်းဖက် တိုက်ခိုက်မှု စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ GTI က ဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူဟာ ၂၅၆၇၃ ဦး ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်က သေဆုံးခဲ့သူ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်း လျှော့နည်းခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်ခံရမှု အနည်းဆုံး ဒေသတွေထဲမှာ အာရှ ပစိဖိတ်ဒေသက တတိယ နေရာမှာ ရှိနေခဲ့ပါတယ်။

အာရှ ပစိဖိတ်ဒေသရှိ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံဟာ အကြမ်းဖက်တိုက်ခိုက်မှုဒဏ်ကို အများဆုံး ခံခဲ့ရပြီး ၁၂ ကြိမ် ဖြစ်ခဲ့တယ်လို့ GTI က ဖော်ပြထားပါတယ်။ ၂၀ဝ၂ ခုနှစ် နောက်ပိုင်းတည်းက အာရှ ပစိဖိတ်ဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွှယ်တဲ့ လှုပ်ရှားသူတွေ တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ GTI က ဖော်ပြထားပါတယ်။