
0
44










အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့အဖြစ် အစီရင်ခံစာသစ်နှစ်ရပ်ကို ထုတ်ပြန်


တနင်္သာရီတိုင်းဒေသကြီးက သဘာဝသယံဇာတ အခြေအနေတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့အဖြစ် အစီရင်ခံစာသစ် နှစ်ရပ်ကို ဒေသခံလူငယ်အဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။


တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ သဘာဝသယံဇာတ အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာသစ် ၂ ရပ်ကို တနင်္သာရီမြစ်မကြီးနှင့်ဌာနေတိုင်းရင်းသားများကွန်ယက် (TRIPNET) ၊ ပနဲတာကပေါအဖွဲ့၊ တောင်ပိုင်းလူငယ်အဖွဲ့နဲ့ တာကပေါလူငယ်အဖွဲ့လေးဖွဲ့ က အပြည်ပြည် ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့ဖြစ်တဲ့ သြဂုတ်လ ၉ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။


သြဂုတ်လ ၉ ရက်နေ့က ရန်ကုန်မြို့Hotel Grand United မှာ စွမ်းအင်အတွက် ကျွန်ုပ်တို့၏ ဆာလောင်ခြင်း အမည်နဲ့ အသက်သွေးကြောကိုပိတ်ဆို့ခြင်း၊ဒေသခံပညာဗဟုသုတအခြေပြု ငါးသုတေသန စတဲ့ အစီရင်ခံစာ သစ်နှစ်ရပ် ကိုဆွေးနွေးခဲ့တာပါ။
Soundbite စောဆာဘိုး (Field Coordinator)
တနင်္သာရီမြစ်မကြီးနှင့်ဌာနေတိုင်းရင်းသားများကွန်ယက် (TRIPNET)
အဲဒီ အစီရင်ခံစာကနေတဆင့် ဌာနေတိုင်းရင်းသားတွေအနေနဲ့ (ICCA) လိုခေါ်တဲ့ ဓလေ့အရ သဘာဝ နယ်မြေကို ဆက်သွားနေနိုင်မှာ ဖြစ်တယ်လို တောင်ပိုင်းလူငယ်အဖွဲ့ ကပြောပါတယ်။
Soundbite စောစံငွေ (Director)
တောင်ပိုင်းလူငယ်အဖွဲ့


၂၀၁၇ ခုနှစ်က အစီရင်ခံစာအသစ် ၂ ရပ်ကို ဒေသခံတွေနဲ့အတူ ကောက်ယူခဲတာဖြစ့်ပြီး တနင်္သာရီမြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာကြောင့် တနင်္သာရီဒေသံခံတွေရဲ့ စိုးရိမ်မှု အခြေအနေ နဲ့မြစ်ကြောင်းတစ်လျှောက် သဘာဝသယံဇာတ တွေရဲ့ဖြစ်တည်မှုအခြေအနေတွေကို ဖော်ပြထားတာလည်းဖြစ်ပါတယ်ရှင်။