အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ KBZ ကေငြထုတ္ေခ်းမယ္ (႐ုပ္/သံ)

0
779

အေသးစားအလတ္စားစီးပြားေရးလုပ္ငန္းရွင္ေတြအလြယ္တကူ ေငြထုတ္ေခ်းနုိင္ဖို႔အတြက္ ကေမာၻဇဘဏ္ က တေနရာတည္းမွာ ၀န္ေဆာင္မႈေပးသြားမွာျဖစ္ပါတယ္ ။ ဒီသတင္းကုိMCN သတင္းေထာက္ ေကသြယ္က ေပးပို႔ထားပါတယ္။

အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းလုပ္ကုိင္ေနသူေတြအတြက္ ဘ႑ာေရးဆုိင္ရာ အကူ အညီေတြေပးနိုင္ဖို႔ ေငြစာရင္းအပ္ေငြ ၊ေခ်းေငြနဲ႔ ေငြေၾကးဆုိင္ရာစီမံခန္႔ခြဲမႈလုပ္ငန္းေတြ အလြယ္တကူ လုပ္ကုိင္နုိင္ဖို႔ရည္ရြယ္ၿပီး One­­­­-Stop SME Banking Centre ကုိ မတ္လ ၇ ရက္ေန႔ကရန္ကုန္ၿမိဳ႕ Strand Square မွာ စတင္ ဖြင့္လွစ္ခဲ့ပါတယ္။
ေခ်းေငြထုတ္ေခ်းရာမွာ လုပ္ငန္းလုပ္ကုိင္သူေတြအေနနဲ႕ လုပ္ကုိင္ေနတဲ့ လုပ္ငန္းအေျခအေန ေပၚမူတည္ၿပီး လုပ္ငန္းရွင္တစ္ေယာက္ကို ျမန္မာေငြက်ပ္ သန္း၅၀၀ထိထုတ္ေခ်းေပးသြားမွာျဖစ္တယ္လို႔ KBZ SME ဘဏ္လုပ္ငန္းဌာနရဲ႕ အုပ္ခ်ဳပ္မႈဒါရုိက္တာ ဦးေဇာ္လင္းေအာင္ကေျပာပါတယ္။

Sound Bite – ဦးေဇာ္လင္းေအာင္ (အမႈေဆာင္ဒါရုိက္တာ) ကေမာၻဇဘဏ္

အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းေတြကို ေငြထုတ္ေခ်းဖို႔ ကေမာၻဇဘဏ္အပါအ၀င္အေသးစားနဲ႔ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတုိးတက္ေရးဌာန စက္မႈ ၀န္ႀကီးဌာန၊ ဂ်ာမနီနိုင္ငံGIZ အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္၇ြက္ေနတာပါ ။ဘဏ္ေတြအေနနဲ႔ ေခ်းေငြထုတ္ေခ်းရာမွာ ေငြေခ်းခ်င္တဲ႔သူေတြကို အေရအတြက္ကန္႔သတ္မထားေပမယ္႔ လုပ္ငန္းအေျခအေနအလိုက္ ေခ်းေငြကုိ အနည္းဆုံး ႏွစ္ႏွစ္ကေန ၅ႏွစ္အတြင္းမွာ ျပန္ဆပ္ရမွာျဖစ္ပါတယ္ ။

Sound Bite – ဦးေဇာ္လင္းေအာင္ (အမႈေဆာင္ဒါရုိက္တာ) ကေမာၻဇဘဏ္

လက္ရွိမွာအခ်ိန္မွာ အေသးစားအလတ္စားလုပ္ငန္းေတြအတြက္ အစိုးရနဲ႔ ပုဂၢလိက ဘဏ္ေတြက ေခ်းေငြထုတ္ေခ်းေပးေနေပမယ္႔ တစ္နုိင္ငံလုံး အတုိင္းအတာနဲ႔ လႊမ္းၿခံဳမႈမရွိေသးတဲ့အျပင္ ဥပေဒရဲ႕ ထိန္းခ်ဳပ္မႈေတြေၾကာင့္ အေသးစား၊အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ ကေတာ႔ အခက္အခဲေတြ ရွိေနေသးတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေအလွယ်တကူ ငွေထုတ်ချေးနိုင်ဖို့အတွက် ကမ္ဘောဇဘဏ် က တနေရာတည်းမှာ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ် ။ ဒီသတင်းကိုMCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူ အညီတွေပေးနိုင်ဖို့ ငွေစာရင်းအပ်ငွေ ၊ချေးငွေနဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းတွေ အလွယ်တကူ လုပ်ကိုင်နိုင်ဖို့ရည်ရွယ်ပြီး One­­­­-Stop SME Banking Centre ကို မတ်လ ၇ ရက်နေ့ကရန်ကုန်မြို့ Strand Square မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ချေးငွေထုတ်ချေးရာမှာ လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းအခြေအနေ ပေါ်မူတည်ပြီး လုပ်ငန်းရှင်တစ်ယောက်ကို မြန်မာငွေကျပ် သန်း၅၀ဝထိထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ KBZ SME ဘဏ်လုပ်ငန်းဌာနရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်ကပြောပါတယ်။

Sound Bite – ဦးဇော်လင်းအောင် (အမှုဆောင်ဒါရိုက်တာ) ကမ္ဘောဇဘဏ်

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေထုတ်ချေးဖို့ ကမ္ဘောဇဘဏ်အပါအဝင်အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန စက်မှု ဝန်ကြီးဌာန၊ ဂျာမနီနိုင်ငံGIZ အဖွဲ့နဲ့ ပူးပေါင်းဆောင်၇ွက်နေတာပါ ။ဘဏ်တွေအနေနဲ့ ချေးငွေထုတ်ချေးရာမှာ ငွေချေးချင်တဲ့သူတွေကို အရေအတွက်ကန့်သတ်မထားပေမယ့် လုပ်ငန်းအခြေအနေအလိုက် ချေးငွေကို အနည်းဆုံး နှစ်နှစ်ကနေ ၅နှစ်အတွင်းမှာ ပြန်ဆပ်ရမှာဖြစ်ပါတယ် ။

Sound Bite – ဦးဇော်လင်းအောင် (အမှုဆောင်ဒါရိုက်တာ) ကမ္ဘောဇဘဏ်

လက်ရှိမှာအချိန်မှာ အသေးစားအလတ်စားလုပ်ငန်းတွေအတွက် အစိုးရနဲ့ ပုဂ္ဂလိက ဘဏ်တွေက ချေးငွေထုတ်ချေးပေးနေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံမှုမရှိသေးတဲ့အပြင် ဥပဒေရဲ့ ထိန်းချုပ်မှုတွေကြောင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကတော့ အခက်အခဲတွေ ရှိနေသေးတာဖြစ်ပါတယ်ရှင်။