အေရွ႕အလယ္ပိုင္းကို အေမရိကန္ စစ္သည္ ၁ ေထာင္ ထပ္ပို႔မယ္

0
183

အိုမန္ ပင္လယ္ေကြ႔မွာ ေရနံတင္သေဘၤာေတြကို အီရန္ႏိုင္ငံက တိုက္ခိုက္ေနေၾကာင္း စြပ္စြဲၿပီးေနာက္ အေရွ႕အလယ္ပိုင္း ေဒသကို အေမရိကန္ စစ္သည္ ၁ ေထာင္ ထပ္ပို႔မယ္လို႔ ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေၾကညာလိုက္ပါတယ္။

ယာယီ ကာကြယ္ေရးဝန္ႀကီး ပက္ထရစ္ ရွာနာဟန္ဟာ အေမရိကန္ စစ္သည္ ၁ ေထာင္ ပို႔ေဆာင္ခြင့္အာဏာ ရွိပါတယ္။ ပို႔ေဆာင္မယ့္ တပ္ဖြဲ႔ေတြထဲမွာ ဒံုက်ည္ကာကြယ္ေရး တပ္ဖြဲ႔၊ ဒ႐ုန္းနဲ႔ အင္ဂ်င္နီယာဆိုင္ရာ ကိရိယာေတြ၊ တိုက္ေလယာဥ္ အုပ္စုတို႔ ပါဝင္ပါတယ္။

ေဒသတြင္း အေမရိကန္ အက်ိဳးစီးပြားနဲ႔ အေမရိကန္ စစ္သည္ေတြကို ၿခိမ္းေျခာက္ဖို႔ အီရန္က ၾကားခံအဖြဲ႔ေတြ အသံုးခ်ေနေၾကာင္း၊ မၾကာေသးခင္က ေရနံတင္သေဘၤာ ႏွစ္စီးတိုက္ခိုက္ခံရမႈဟာ ယံုၾကည္စိတ္ခ်ရတဲ့ ေထာက္လွမ္းေရး သတင္းေတြအရ အီရန္ႏိုင္ငံရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း ပက္ထရစ္ ရွာနာဟန္က ေျပာပါတယ္။

အရှေ့အလယ်ပိုင်းကို အမေရိကန် စစ်သည် ၁ ထောင် ထပ်ပို့မယ်

အိုမန် ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတွေကို အီရန်နိုင်ငံက တိုက်ခိုက်နေကြောင်း စွပ်စွဲပြီးနောက် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် စစ်သည် ၁ ထောင် ထပ်ပို့မယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာလိုက်ပါတယ်။

ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်ဟာ အမေရိကန် စစ်သည် ၁ ထောင် ပို့ဆောင်ခွင့်အာဏာ ရှိပါတယ်။ ပို့ဆောင်မယ့် တပ်ဖွဲ့တွေထဲမှာ ဒုံကျည်ကာကွယ်ရေး တပ်ဖွဲ့၊ ဒရုန်းနဲ့ အင်ဂျင်နီယာဆိုင်ရာ ကိရိယာတွေ၊ တိုက်လေယာဉ် အုပ်စုတို့ ပါဝင်ပါတယ်။

ဒေသတွင်း အမေရိကန် အကျိုးစီးပွားနဲ့ အမေရိကန် စစ်သည်တွေကို ခြိမ်းခြောက်ဖို့ အီရန်က ကြားခံအဖွဲ့တွေ အသုံးချနေကြောင်း၊ မကြာသေးခင်က ရေနံတင်သင်္ဘော နှစ်စီးတိုက်ခိုက်ခံရမှုဟာ ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေး သတင်းတွေအရ အီရန်နိုင်ငံရဲ့ လက်ချက်ဖြစ်ကြောင်း ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။