အေရွ႕တီေမာကို အာဆီယံ အဖြဲ႔ဝင္ႏုိင္ငံ ျဖစ္သင့္၊ မသင့္ စံုစမ္းစစ္ေဆးမယ္

0
40

အေရွ႕တီေမာဟာ အဖြဲ႔ဝင္ႏိုင္ငံျဖစ္ဖို႔ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီမႈ ရွိ၊ မရွိ ဆုံးျဖတ္ႏိုင္ဖို႔အတြက္ အာဆီယံ စုံစမ္းစစ္ေဆးေရး အဖြဲ႔တစ္ဖြဲ႔က အခ်က္အလက္ရွာေဖြေရး ခရီးစဥ္ကို စတင္လိုက္ပါတယ္။

အေရွ႕တီေမာဟာ ၂၀၀၂ ခုႏွစ္မွာ အင္ဒိုနီးရွားႏိုင္ငံ လက္ေအာက္ကေန လြတ္လပ္ေရး ရရွိခဲ့ပါတယ္။ အာဆီယံ အဖြဲ႔ဝင္ႏိုင္ငံျဖစ္ဖို႔ အေရွ႕တီေမာအေနနဲ႔ ၂၀၁၁ ခုႏွစ္မွာ ေလွ်ာက္ထားခဲ့ေပမယ့္ ေငြေၾကးခြၽတ္ၿခဳံက်ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံ အေနနဲ႔ အသင္းရဲ႕ ေငြေၾကးဆိုင္ရာ ထည့္ဝင္မႈေတြကို ျပည့္ဝေအာင္ ေဆာင္႐ြက္ႏိုင္ျခင္း မရွိမွာကို အဖြဲ႔ဝင္ႏိုင္ငံေတြအၾကား စိုးရိမ္မႈေတြ ရွိေနခဲ့တဲ့အတြက္ အဖြဲ႔ဝင္ျဖစ္ဖို႔ ၾကန္႔ၾကာေနခဲ့ပါတယ္။

အေရွ႕တီေမာရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး အေျခအေနေတြနဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြက အဲဒီအဖြဲ႔ကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ အာဆီယံအဖြဲ႔ထဲ ဝင္ေရာက္ႏိုင္ဖို႔ ဆိုတာဟာ အေရွ႕တီေမာအတြက္ အလြန္႔အလြန္ အေရးႀကီးေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ဒိုင္အိုနီဆီယို ဘာဘို ဆိုးရပ္စ္က အေလးထား ေျပာၾကားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရှေ့တီမောဟာ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ဖို့အတွက် အာဆီယံ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က အချက်အလက်ရှာဖွေရေး ခရီးစဉ်ကို စတင်လိုက်ပါတယ်။

အရှေ့တီမောဟာ ၂၀ဝ၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ လက်အောက်ကနေ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အရှေ့တီမောအနေနဲ့ ၂၀၁၁ ခုနှစ်မှာ လျှောက်ထားခဲ့ပေမယ့် ငွေကြေးချွတ်ခြုံကျနေတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ အသင်းရဲ့ ငွေကြေးဆိုင်ရာ ထည့်ဝင်မှုတွေကို ပြည့်ဝအောင် ဆောင်ရွက်နိုင်ခြင်း မရှိမှာကို အဖွဲ့ဝင်နိုင်ငံတွေအကြား စိုးရိမ်မှုတွေ ရှိနေခဲ့တဲ့အတွက် အဖွဲ့ဝင်ဖြစ်ဖို့ ကြန့်ကြာနေခဲ့ပါတယ်။

အရှေ့တီမောရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက အဲဒီအဖွဲ့ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာဆီယံအဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ ဆိုတာဟာ အရှေ့တီမောအတွက် အလွန့်အလွန် အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒိုင်အိုနီဆီယို ဘာဘို ဆိုးရပ်စ်က အလေးထား ပြောကြားခဲ့ပါတယ်။