
0
308




အရေးပေါ်ကုသဖို့ လိုအပ်တဲ့ ကရင်တစ်ဦးကို ထိုင်းနယ်ခြားစောင့် အဖွဲ့က ရဟတ်ယာဉ်နဲ့ ပို့ဆောင်


ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ သစ်တောအတွင်းမှာ နေထိုင်တဲ့ ရွှေ့ပြောင်း ကရင် တိုင်းရင်းသား တစ်ဦး အရေးပေါ် ဆေးကုသမှုလိုအပ်နေတာကြောင့် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့က ရဟတ်ယာဉ်နဲ့ အနီးဆုံး ဆေးရုံကို ပို့ဆောင် ကူညီပေးခဲ့ပါတယ်။


ကရင် တိုင်းရင်းသား မောင်အေး (၄၃ နှစ်) ဟာ မေလ ၂၁ ရက်နေ့မှာ ဗိုက်အောင့်ဝေဒနာ ခံစားနေရတဲ့အတွက် အရေးပေါ် ဆေးကုသမှု လိုအပ်လို့ ရွာသူကြီးက သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ Social Action for Children and Women (SAW) ရဲ့ Facebook လူမှုကွန်ရက် သတင်းမှာ ဖော်ပြထားပါတယ်။


စန်ခရဘူရီ ဆေးရုံက သူနာပြုတွေ လိုက်ပါလာတဲ့ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ ရဟတ်ယာဉ်နဲ့ လူနာကို လာရောက် ခေါ်ဆောင်သွားခဲ့ပါတယ်။