
0
38




အမေရိကန် အိုပင်း တင်းနစ် ပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ ရာဖေးလ် နာဒယ်လ်


တင်းနစ် အကျော်အမော် ရာဖေးလ် နာဒယ်လ်ဟာ အမေရိကန် အိုပင်း တင်းနစ်ဗိုလ်လုပွဲမှာ ရုရှားနိုင်ငံသား ဒါန်နီးလ် မက်ဗီဒက်ဗ်ကို အနိုင်ရသွားခဲ့ကာ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။


စပိန် တင်းနစ် သမား နာဒယ်လ်ဟာ ရုရှား တင်းနစ်သမား မက်ဗီဒက်ဗ်ကို 7-5 ၊ 6-3 ၊ 5-7 ၊ 4-6 ၊ 6-4 နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ နာဒယ်လ်ဟာ အမေရိကန် အိုပင်းတင်းနစ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့အတွက် ကမ္ဘာနာမည်ကျော် ဂရင်းစလန်း ပြိုင်ပွဲတွေရဲ့ ချန်ပီယံတွေကို ၁၉ ကြိမ်မြောက် ရယူသူဖြစ်လာပြီး ဆွစ်ဇာလန် နိုင်ငံသား ရော်ဂျာ ဖက်ဒါရာနဲ့ စံချိန်တူညီသွားပြီလည်း ဖြစ်ပါတယ်။


အမေရိကန် အိုပင်း တင်းနစ် ဗိုလ်လုပွဲဟာ တင်းနစ် ကစားသမား သမိုင်းတစ်လျှောက်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်ခဲ့ပြီး အနိုင်ရယူနိုင်မှုအပေါ် မယုံကြည်နိုင်အောင် ဖြစ်ရတယ်လို့ ရာဖေးလ် နာဒယ်လ်က ပြောပါတယ်။ နာဒယ်လ်နဲ့ မက်ဗီဒက်ဗ်တို့ဟာ အမေရိကန် အိုပင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ၄ နာရီ၊ မိနစ် ၅၀ ကျော် ယှဉ်ပြိုင်ပြီး အရှုံးအနိုင် ပေါ်ခဲ့တာပါတယ်။