အေမရိကန္ ဖက္ရွင္ ကုမၸဏီထံကေန နစ္နာေၾကးေတာင္းဆိုလိုက္တဲ့ အဆိုေတာ္ ဂရမ္ဒီ

0
64

ခြင္ျပဳခ်က္မရွိဘဲ ဓါတ္ပံုေတြ သံုးစြဲတဲ့အတြက္ အေမရိကန္ဖက္ရွင္ ကုမၸဏီ Forever 21 ထံမွ နစ္နာေၾကး အေမရိကန္  ၁၀ သန္းေပးဖို႔ အဆိုေတာ္ ေအရီယာနာ ဂရမ္ဒီက ေတာင္းဆိုလိုက္ပါတယ္။

ကုမၸဏီ ရဲ႕ အ၀တ္ထည္ေတြ အေရာင္းျမႇင့္ႏိုင္ဖို႔  အမည္ကိုအလြဲသံုးစား ျပဳလုပ္တဲ့အတြက္ နစ္နာေၾကးေတာင္းဆိုရတာျဖစ္တယ္လို႔ ဂရမ္ဒီက ေျပာပါတယ္။ Forever 21 ကုမၸဏီဟာ ခြင့္ျပဳခ်က္မရွိဘဲ သူမရဲ႕ ဓါတ္ပံု၊ ႐ုပ္သံဖိုင္ေပါင္း ၃၀ ထက္မနည္းခိုးယူသံုးစြဲခဲ့တယ္လို႔  ဂရမ္ဒီက ဆိုပါတယ္။

နစ္နာေၾကးေပးဖို႔  ႏွစ္ဖက္ေဆြးေႏြးညိႇႏိႈင္းမႈေတြအဆင္မေျပျဖစ္ခဲ့တဲ့အတြက္  ဂရမ္ဒီ အေနနဲ႔ အေမရိကန္ဖက္ရွင္ကုမၸဏီကို ကယ္လီဖိုးနီးယားျပည္နယ္ တရားရံုးမွာ တရားစြဲသြားမွာျဖစ္ေၾကာင္း ဂရမ္ဒီ ရဲ႕ ကိုယ္စားလွယ္က ေျပာပါတယ္။ ဖက္ရွင္ကုမၸဏီကေတာ့ ဂရမ္ဒီ ရဲ႕ ဓါတ္ပံုေတြ ၊ ႐ုပ္သံဖိုင္ေတြ ခိုးယူသံုးစြဲတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္လို႔ တစ္စံုတရာ တံု႔ျပန္တာမ်ိဳးမရွိေသးပါဘူး။

အမေရိကန် ဖက်ရှင် ကုမ္ပဏီထံကနေ နစ်နာကြေးတောင်းဆိုလိုက်တဲ့ အဆိုတော် ဂရမ်ဒီ

ခွင်ပြုချက်မရှိဘဲ ဓါတ်ပုံတွေ သုံးစွဲတဲ့အတွက် အမေရိကန်ဖက်ရှင် ကုမ္ပဏီ Forever 21 ထံမှ နစ်နာကြေး အမေရိကန် ၁၀ သန်းပေးဖို့ အဆိုတော် အေရီယာနာ ဂရမ်ဒီက တောင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီ ရဲ့ အဝတ်ထည်တွေ အရောင်းမြှင့်နိုင်ဖို့ အမည်ကိုအလွဲသုံးစား ပြုလုပ်တဲ့အတွက် နစ်နာကြေးတောင်းဆိုရတာဖြစ်တယ်လို့ ဂရမ်ဒီက ပြောပါတယ်။ Forever 21 ကုမ္ပဏီဟာ ခွင့်ပြုချက်မရှိဘဲ သူမရဲ့ ဓါတ်ပုံ၊ ရုပ်သံဖိုင်ပေါင်း ၃၀ ထက်မနည်းခိုးယူသုံးစွဲခဲ့တယ်လို့ ဂရမ်ဒီက ဆိုပါတယ်။

နစ်နာကြေးပေးဖို့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ခဲ့တဲ့အတွက် ဂရမ်ဒီ အနေနဲ့ အမေရိကန်ဖက်ရှင်ကုမ္ပဏီကို ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှာ တရားစွဲသွားမှာဖြစ်ကြောင်း ဂရမ်ဒီ ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ ဖက်ရှင်ကုမ္ပဏီကတော့ ဂရမ်ဒီ ရဲ့ ဓါတ်ပုံတွေ ၊ ရုပ်သံဖိုင်တွေ ခိုးယူသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တစ်စုံတရာ တုံ့ပြန်တာမျိုးမရှိသေးပါဘူး။