အေမရိကန္ ဒံုးက်ည္စမ္းသပ္မႈေၾကာင့္ စစ္ေရးတင္းမာလာႏိုင္ေၾကာင္း ႐ုရွား ေျပာ

0
71

အေမရိကန္ရဲ႕ တာလတ္ပစ္ဒုံးက်ည္ စမ္းသပ္မႈေၾကာင့္ စစ္ေရးအရ တင္းမာလာႏိုင္ဖြယ္ရွိတယ္လို႔ ႐ုရွားအစိုးရက သတိေပးလိုက္ပါတယ္။

႐ုရွနဲ႔ ႏ်ဴကလီးယားလက္နက္ ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္ ဖ်က္သိမ္းၿပီးေနာက္ တာလတ္ ပဲ့ထိန္းဒံုးက်ည္ကို အေမရိကန္က စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။ ႐ုရွနဲ႔ စစ္ေအးကာလ ႏ်ဴကလီးယားလက္နက္ ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္ကို ရပ္ဆိုင္းလိုက္ၿပီး သီတင္းပတ္ အနည္းငယ္အၾကာမွာ အေမရိကန္က အခုလို တာလတ္ပစ္ဒံုးက်ည္ စမ္းသပ္ပစ္ခတ္ခဲ့တာပါ။

ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္ ကမ္း႐ိုးတန္းရွိ အေမရိကန္ ေရတပ္ အေျခစိုက္ထားတဲ့ ဆန္နီကိုလပ္စ္ကၽြန္းကေန ပစ္လႊတ္လိုက္တဲ့ တာလတ္ပ ပဲ့ထိန္းဒံုးက်ည္ဟာ ကီလိုမီတာ ၅၀၀ ေက်ာ္ကို ေရာက္ရွိၿပီး ပစ္မွတ္ကို တိက်စြာ ထိမွန္ခဲ့တယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အမေရိကန် ဒုံးကျည်စမ်းသပ်မှုကြောင့် စစ်ရေးတင်းမာလာနိုင်ကြောင်း ရုရှား ပြော

အမေရိကန်ရဲ့ တာလတ်ပစ်ဒုံးကျည် စမ်းသပ်မှုကြောင့် စစ်ရေးအရ တင်းမာလာနိုင်ဖွယ်ရှိတယ်လို့ ရုရှားအစိုးရက သတိပေးလိုက်ပါတယ်။

ရုရှနဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီချက် ဖျက်သိမ်းပြီးနောက် တာလတ် ပဲ့ထိန်းဒုံးကျည်ကို အမေရိကန်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ရုရှနဲ့ စစ်အေးကာလ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အမေရိကန်က အခုလို တာလတ်ပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တာပါ။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် ကမ်းရိုးတန်းရှိ အမေရိကန် ရေတပ် အခြေစိုက်ထားတဲ့ ဆန်နီကိုလပ်စ်ကျွန်းကနေ ပစ်လွှတ်လိုက်တဲ့ တာလတ်ပ ပဲ့ထိန်းဒုံးကျည်ဟာ ကီလိုမီတာ ၅၀ဝ ကျော်ကို ရောက်ရှိပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။