အမေရိကန် ကင်းလှည့်ရေယာဉ် အီရန် သင်္ဘောကို သတိပေး ပစ်ခတ်

0
308

ပင်လယ်ကွေ့မှာ ကင်းလှည့်နေတဲ့ အမေရိကန် သင်္ဘောအနီး အီရန် သင်္ဘောတစ်စီးက ချဉ်းကပ်လာတဲ့အတွက် အမေရိကန် ရေတပ်က ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။

ဘာရိန်းမှာ အခြေစိုက်တဲ့ အမေရိကန် စစ်သဘော USS သန်ဒါဘော့ အနီးကို အီရန် အစ္စလမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က သင်္ဘောဟာ ချဉ်းကပ်လာပြီး သူတို့က ရေဒီယိုနဲ့ ဆက်သွယ် သတိပေးတာကို မလိုက်နာတဲ့အတွက် ခြောက်လှန့် ပစ်ခတ်ခြင်း ဖြစ်တယ်လို့ အမေရိကန် ရေတပ် ဗဟို စစ်ဦးစီးက သတင်း ထုတ်ပြန်ပါတယ်။

အီရန်သင်္ဘောဟာ လက်နက် တပ်ဆင်ထားခြင်း မရှိလို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။ ခြောက်လှန့်ပစ်ခတ်ပြီးနောက် အီရန် သင်္ဘောဟာ ပြန်လှည့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဟောမုဇ် ရေလက်ကြားမှာ အမေရိကန် ဖျက်သင်္ဘောဟာ အီရန် အမြန် တိုက်ခိုက်ရေး ရေယာဉ်ကို သုံးကြိမ် ခြောက်လှန့် ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပြစ်တင်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။