
0
134




အမေရိကန်ရက်ပ်သီချင်းမှာ ကိုယ်ပိုင်စာသားပါဝင်ခဲ့လို့ ကျေနပ်ဂုဏ်ယူနေတဲ့ Rocker ဟောင်း မစ်ခ်ဝဲ


လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့်က ရေးသားခဲ့တဲ့ ရော့ခ်သီချင်းစာသားတွေကို လတ်တလောထွက်ရှိထားတဲ့ ရက်ပ်သီချင်းတစ်ပုဒ်မှာထည့်သွင်းအသုံးပြုခဲ့တာကြောင့် စိတ်လှုပ်ရှားပြီး ကျေနပ်ဂုဏ်ယူခဲ့ရတယ်လို့ မူရင်းစာသားပိုင်ရှင် ဗြိတိန် Rocker ကြီး မစ်ခ်ဝဲ က ဆိုခဲ့ပါတယ်။


မစ်ခ်ဝဲ ဟာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်းမှာ လှုပ်ရှားအောင်မြင်ခဲ့တဲ့ ဗြိတိန်ရော့ခ်ဂီတအဖွဲ့ ဆီဇာ (Czar) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သီချင်းစာသားတချို့ရေးစပ်ခဲ့ပါတယ်။ အဲဒီစာသားတွေကို ကန်ယေးဝက်စ်ရေးသားပြီး ရက်ပါ Tyler,The Creator သီဆိုထားတဲ့ Puppet ဆိုတဲ့သီချင်းမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။


ရှေ့နေတစ်ဦးက ဆက်သွယ်လာချိန်မှာ လူလိမ်တွေလို့ မှတ်ထင်ခဲ့ကြောင်း၊ မူပိုင်ခွင့်ကြေး ထိုက်ထိုက်တန်တန်ပေးပြီး မိမိစာသားကိုအသုံးပြုခဲ့တဲ့အတွက် စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။