အေမရိကန္နဲ႔ တိုက္႐ိုက္ ေဆြးေႏြးမွာ မဟုတ္ေၾကာင္း အီရန္ သမၼတ ေျပာ

0
43

အေမရိကန္နဲ႔ တုိက္႐ိုက္ေတြ႔ဆံု ေဆြးေႏြးမွာ မဟုတ္ဘူးလုိ႔ အီရန္သမၼတ ဟာဆန္ ႐ိုဟာနီက ေျပာဆုိလိုက္ပါတယ္။ 

ေဆြးေႏြးမႈေတြ ရွိႏိုင္ေပမယ့္ လက္ရွိအခ်ိန္မွာ ေဆြးေႏြးမယ္ဆုိရင္ အပ်က္သေဘာ ပံုစံမ်ိဳးသာ ျဖစ္လာႏုိင္တယ္လို႔ အီရန္သမၼတက ေျပာပါတယ္။ အီရနႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ စီးပြားေရး ပိတ္ဆုိ႔မႈေတြကို အေမရိကန္က ေျဖေလွ်ာ့ေပးခ်ိန္မွသာ ႏွစ္ႏုိင္ငံၾကား ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပန္လုပ္သြားမယ္လို႔လည္း သမၼတ ႐ိုဟာနီက ေျပာပါတယ္။

အီရန္နဲ႔ ေတြ႔ဆံုေဆြးေႏြးဖုိ႔ အၿမဲတမ္း လမ္းဖြင့္ထားေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေျပာခဲ့ၿပီးေနာက္ အီရန္သမၼတက တံု႔ျပန္လုိက္တာ ျဖစ္ပါတယ္။ အီရန္နဲ႔ ခ်ဳပ္ဆုိထားတဲ့ ႏ်ဴကလီးယား စာခ်ဳပ္ကေန အေမရိကန္ ႏုတ္ထြက္ၿပီးေနာက္ပိုင္း အီရန္နဲ႔ အေမရိကန္ၾကား တင္းမာမႈေတြ ျမင့္တက္ခဲ့ပါတယ္။

အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးမှာ မဟုတ်ကြောင်း အီရန် သမ္မတ ပြော

အမေရိကန်နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ ဟာဆန် ရိုဟာနီက ပြောဆိုလိုက်ပါတယ်။

ဆွေးနွေးမှုတွေ ရှိနိုင်ပေမယ့် လက်ရှိအချိန်မှာ ဆွေးနွေးမယ်ဆိုရင် အပျက်သဘော ပုံစံမျိုးသာ ဖြစ်လာနိုင်တယ်လို့ အီရန်သမ္မတက ပြောပါတယ်။ အီရနနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အမေရိကန်က ဖြေလျှော့ပေးချိန်မှသာ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်သွားမယ်လို့လည်း သမ္မတ ရိုဟာနီက ပြောပါတယ်။

အီရန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပြီးနောက် အီရန်သမ္မတက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်ပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။