
0
47




View of fire in the Amazon rainforest, near Abuna, Rondonia state, Brazil, on August 24, 2019. – President Jair Bolsonaro authorized Friday the deployment of Brazil’s armed forces to help combat fires raging in the Amazon rainforest, as a growing global outcry over the blazes sparks protests and threatens a huge trade deal. (Photo by CARL DE SOUZA / AFP) (Photo credit should read CARL DE SOUZA/AFP/Getty Images)

အမေဇုန် မိုးသစ်တော မီးငြှိမ်းနိုင်ဖို့ တောင်အမေရိကတိုက် နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးမယ်

အမေဇုန် မိုးသစ်တော မီးငြှိမ်းသတ်ရေးအတွက် တောင်အမေရိကတိုက် နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ့ဆွေးနွေးသွားမယ်လို့ ဘရာဇီးသမ္မတ ဘိုဆိုနာရိုက ပြောပါတယ်။

G 7 ထိပ်သီးနိုင်ငံတွေက အကူညီပေးမယ့် အစီအစဉ်ကို ဘရာဇီးအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံကလွဲပြီး တောင်အမေရိကတိုက် နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တောင်အမေရိကတိုက် နိုင်ငံခေါင်းဆောင်တွေဟာ စက်တင်ဘာ ၆ ရက်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး အဲဒီဆွေးနွေးပွဲမှာ မီးငြှိမ်းသတ်ရေးအတွက် ဘုံသဘောတူညီချက် ရယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဘရာဇီး သမ္မတက ပြောပါတယ်။

အမေဇုန်မိုးသစ်တော မီးငြှိမ်းသတ်ရေးအတွက် G 7 ထိပ်သီးနိုင်ငံတွေရဲ့ အကူညီကို လက်ခံရေး ပြန်စဉ်းစားဖို့ ဘရာဇီး သမ္မတကို တောင်အမေရိကတိုက်ရှိ နိုင်ငံ ကိုးနိုင်ငံက ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။