အေမဇုန္ မိုးသစ္ေတာ မီးၿငိႇမ္းသတ္ဖို႔ ေငြေၾကးလွဴဒါန္းလိုက္တဲ့ လီယိုနာဒို

0
51

ကမာၻႀကီးရဲ႕ အဆုတ္လို႔ တင္စားေခၚေဝၚၾကတဲ့ အေမဇုန္ မိုးသစ္ေတာႀကီးအတြင္း မီးေလာင္မႈ ၿငႇိမ္းသတ္ႏိုင္ဖို႔ ကမာၻေက်ာ္ ေဟာလိဝုဒ္ မင္းသား လီယိုနာဒို ဒီကာပရီယို ဦးေဆာင္တဲ့ သဘာဝ ပတ္ဝန္းက်င္အဖြဲ႔က အေမရိကန္ ေဒၚလာ ၅ သန္းေက်ာ္ လွဴဒါန္းခဲ့ပါတယ္။

မီးၿငႇိမ္းသတ္ရာမွာ ပါဝင္ကူညီေနတဲ့ ေဒသခံ အဖြဲ႔အစည္းေတြကို ကူညီေပးသြားမယ္လို႔ လီယိုနာဒိုတို႔ရဲ႕ Earth Alliance က သတင္းထုတ္ျပန္ထားပါတယ္။

အေမဇုန္မိုးသစ္ေတာ မီးေလာင္ပ်က္စီးတာက ကာဗြန္ တန္ခ်ိန္ သန္းခ်ီ စုပ္ယူေပးေနတဲ့ ေဂဟေဗဒစနစ္ကို ဖ်က္ဆီးလိုက္တာျဖစ္ေၾကာင္း Earth Alliance အဖြဲ႔က ေျပာပါတယ္။ ကမာၻမွာ ရရွိေနတဲ့ ေအာက္ဆီဂ်င္ စုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္းကိုု ထုတ္ေပးေနတဲ့ အေမဇုန္ မိုးသစ္ေတာမွာ ဒီႏွစ္အတြင္း ေတာမီးေလာင္ကၽြမ္းမႈ အႀကိမ္အေရအတြက္ဟာ ၿပီးခဲ့တဲ့ႏွစ္ထက္ အႀကိမ္ ၄၀၀၀၀ ေက်ာ္ ျမင့္တက္ခဲ့တယ္လို႔ ဘရာဇီး အာကာသ သုေတသန အဖြဲ႔က ေျပာပါတယ္။

အမေဇုန် မိုးသစ်တော မီးငြှိမ်းသတ်ဖို့ ငွေကြေးလှူဒါန်းလိုက်တဲ့ လီယိုနာဒို
ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ အမေဇုန် မိုးသစ်တောကြီးအတွင်း မီးလောင်မှု ငြှိမ်းသတ်နိုင်ဖို့ ကမ္ဘာကျော် ဟောလိဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယို ဦးဆောင်တဲ့ သဘာဝ ပတ်ဝန်းကျင်အဖွဲ့က အမေရိကန် ဒေါ်လာ ၅ သန်းကျော် လှူဒါန်းခဲ့ပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ကူညီနေတဲ့ ဒေသခံ အဖွဲ့အစည်းတွေကို ကူညီပေးသွားမယ်လို့ လီယိုနာဒိုတို့ရဲ့ Earth Alliance က သတင်းထုတ်ပြန်ထားပါတယ်။
အမေဇုန်မိုးသစ်တော မီးလောင်ပျက်စီးတာက ကာဗွန် တန်ချိန် သန်းချီ စုပ်ယူပေးနေတဲ့ ဂေဟဗေဒစနစ်ကို ဖျက်ဆီးလိုက်တာဖြစ်ကြောင်း Earth Alliance အဖွဲ့က ပြောပါတယ်။ ကမ္ဘာမှာ ရရှိနေတဲ့ အောက်ဆီဂျင် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးနေတဲ့ အမေဇုန် မိုးသစ်တောမှာ ဒီနှစ်အတွင်း တောမီးလောင်ကျွမ်းမှု အကြိမ်အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ထက် အကြိမ် ၄၀ဝ၀ဝ ကျော် မြင့်တက်ခဲ့တယ်လို့ ဘရာဇီး အာကာသ သုတေသန အဖွဲ့က ပြောပါတယ်။