အုပ္စု ပထမေနရာ အဆံုးအျဖတ္ပြဲ ျမန္မာအမ်ိဳးသမီး အသင္း ဗီယက္နမ္ကို ႐ံႈးနိမ့္

0
61

၂၀၁၉ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အုပ္စု (ခ) ေနာက္ဆံုးေန႔ကို ၾသဂုတ္လ ၂၀ ရက္ေန႔က ထိုင္းႏိုင္ငံ၊ ေခ်ာင္ဘူရီၿမိဳ႕မွာ က်င္းပရာ ျမန္မာအမ်ိဳးသမီးအသင္းက ဗီယက္နမ္ အမ်ိဳးသမီးအသင္းကို ႐ံႈးနိမ့္ခဲ့ပါတယ္။

ျမန္မာအသင္းဟာ ဗီယက္နမ္အသင္းကို အႏိုင္ရမွ အုပ္စုပထမေနရာ ရမွာျဖစ္ေပမယ့္ ဂိုးျပတ္႐ံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီးအသင္းဟာ ဒုတိယပြဲ ၿပီးကတည္းက ဆီမီးဖိုင္နယ္ တက္ေရာက္ထားၿပီး အခုပြဲမွာ ဗီယက္နမ္ကို အုပ္စုပထမေနရာအတြက္ အဆံုးအျဖတ္ ကစားရတာ ျဖစ္ပါတယ္။

ဗီယက္နမ္အသင္းက ပြဲအစ သံုးမိနစ္မွာ အဖြင့္ဂိုး ရရွိခဲ့ပါတယ္။ ဒုတိယဂိုးကိုေတာ့ ပထမပိုင္းၿပီးခါနီးမွာ ထပ္မံရရွိခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း ဗီယက္နမ္အသင္းက ေနာက္ထပ္ ႏွစ္ဂိုး သြင္းရရွိသြားခဲ့ပါတယ္။ အုပ္စု (ခ) ပြဲစဥ္ေတြ အၿပီးမွာ ဗီယက္နမ္အသင္းက ၉ မွတ္နဲ႔ ပထမ၊ ျမန္မာအသင္းက ၆ မွတ္နဲ႔ ဒုတိယရရွိကာ ဆီမီးဖိုင္နယ္ တက္ေရာက္သြားပါတယ္။

အုပ်စု ပထမနေရာ အဆုံးအဖြတ်ပွဲ မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်


၂၀၁၉ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ကို သြဂုတ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့မှာ ကျင်းပရာ မြန်မာအမျိုးသမီးအသင်းက ဗီယက်နမ် အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။


မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို အနိုင်ရမှ အုပ်စုပထမနေရာ ရမှာဖြစ်ပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဒုတိယပွဲ ပြီးကတည်းက ဆီမီးဖိုင်နယ် တက်ရောက်ထားပြီး အခုပွဲမှာ ဗီယက်နမ်ကို အုပ်စုပထမနေရာအတွက် အဆုံးအဖြတ် ကစားရတာ ဖြစ်ပါတယ်။


ဗီယက်နမ်အသင်းက ပွဲအစ သုံးမိနစ်မှာ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ ထပ်မံရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဗီယက်နမ်အသင်းက နောက်ထပ် နှစ်ဂိုး သွင်းရရှိသွားခဲ့ပါတယ်။ အုပ်စု (ခ) ပွဲစဉ်တွေ အပြီးမှာ ဗီယက်နမ်အသင်းက ၉ မှတ်နဲ့ ပထမ၊ မြန်မာအသင်းက ၆ မှတ်နဲ့ ဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။