အီရန္ ႏ်ဴကလီးယား စာခ်ဳပ္ကေန အေမရိကန္ ႏုတ္ထြက္

0
624

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က သမၼတေဟာင္း အုိဘားမား လက္ထက္က ခ်ဳပ္ဆုိခဲ့တဲ့ အီရန္နဲ႔ ႏ်ဴကလီးယား စာခ်ဳပ္ကေန ႏုတ္ထြက္လိုက္ပါတယ္။

အေမရိကန္ သမၼတဟာ ဥေရာပရွိ မဟာမိတ္ႏိုင္ငံေတြ အႀကံေပးမႈကို ဆန္႔က်င္ကာ ႏ်ဴကလီးယား စာခ်ဳပ္မွ ထြက္ခဲ့တာျဖစ္ၿပီး အီရန္ႏိုင္ငံအေပၚ စီးပြားေရးပိတ္ဆို႔မႈ ျပန္လည္ခ်မွတ္သြားဖြယ္ ရွိေနပါတယ္။ အီရန္ ႏုိင္ငံကလည္း ႏ်ဴကလီးယားစြမ္းအင္နဲ႔ လက္နက္လုပ္ေဆာင္ႏုိင္ဖို႔ အဓိက အေရးပါတဲ့ ယူေရနီယံ သန္စင္မႈ လုပ္ငန္းေတြ ျပန္စတင္ဖုိ႔ ျပင္ဆင္ေနေၾကာင္း တံု႔ျပန္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံအေနနဲ႔ ႏ်ဴကလီးယားစာခ်ဳပ္နဲ႔ ပတ္သက္တဲ့ ကတိကဝတ္ေတြကို ေလးစားမႈ မရွိတာကို ျပသခဲ့တာလို႔ အီရန္သမၼတ ဟတ္ဆန္ ႐ိုဟာနီက ေျပာဆုိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန် နျူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သမ္မတဟောင်း အိုဘားမား လက်ထက်က ချုပ်ဆိုခဲ့တဲ့ အီရန်နဲ့ နျူကလီးယား စာချုပ်ကနေ နုတ်ထွက်လိုက်ပါတယ်။

အမေရိကန် သမ္မတဟာ ဥရောပရှိ မဟာမိတ်နိုင်ငံတွေ အကြံပေးမှုကို ဆန့်ကျင်ကာ နျူကလီးယား စာချုပ်မှ ထွက်ခဲ့တာဖြစ်ပြီး အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြန်လည်ချမှတ်သွားဖွယ် ရှိနေပါတယ်။ အီရန် နိုင်ငံကလည်း နျူကလီးယားစွမ်းအင်နဲ့ လက်နက်လုပ်ဆောင်နိုင်ဖို့ အဓိက အရေးပါတဲ့ ယူရေနီယံ သန်စင်မှု လုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားစာချုပ်နဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို လေးစားမှု မရှိတာကို ပြသခဲ့တာလို့ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက ပြောဆိုခဲ့ပါတယ်။