အီရန္အေပၚတင္းက်ပ္တဲ့ စီးပြားေရးပိတ္ဆုိ႔မႈ ပိုလုပ္မယ္လို႔ အေမရိကန္ ေျပာ

0
71

အီရန္ႏုိင္ငံအေပၚ တင္းက်ပ္တဲ့ စီးပြားေရး ပိတ္ဆုိ႔မႈေတြ ပိုမိုလုပ္ေဆာင္ဖုိ႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး စတီဗင္ ျမဴခ်င္ကို အမိန္႔ေပးထားေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျပာပါတယ္။ 

အေမရိကန္နဲ႔ အီရန္ႏုိင္ငံၾကား တင္းမာမႈ ျမင့္တက္ေနခ်ိန္မွာ အေမရိကန္ သမၼတဘက္က အခုလို စီစဥ္လာတာ ျဖစ္ပါတယ္။ ဘယ္လိုပံုစံမ်ိဳး လုပ္ေဆာင္မယ္ဆုိတဲ့ အခ်က္ကိုေတာ့ အေမရိကန္ သမၼတက အေသးစိတ္ ထုတ္ေဖာ္ေျပာဆုိတာ မရွိေသးပါဘူး။ 

ေဆာ္ဒီအာေရဗ် ႏုိင္ငံရွိ ေရနံထုတ္လုပ္တဲ့ စက္႐ံုႏွစ္ခု တုိက္ခုိက္ခံရျပီးေနာက္ အေမရိကန္က အီရန္ကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ အီရန္ကလည္း အေမရိကန္ရဲ႕ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားပါတယ္။ ၂၀၁၅ ခုႏွစ္က ခ်ဳပ္ဆုိခဲ့တဲ့ အီရန္နဲ႔ ကမာၻ႔အင္အားႀကီး ႏုိင္ငံေတြၾကား ႏ်ဴကလီးယား စာခ်ဳပ္ကေန အေမရိကန္ ထြက္သြားၿပီးေနာက္ပိုင္း အေမရိကန္နဲ႔ အီရန္တုိ႔အၾကား တင္းမာမႈ ျမင့္တက္လာၿပီး အီရန္အေပၚ အေမရိကန္က ပိတ္ဆုိ႔မႈေတြ ျပန္ခ်မွတ္ခဲ့ပါတယ္။

အီရန်အပေါ်တင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့မှု ပိုလုပ်မယ်လို့ အမေရိကန် ပြော

အီရန်နိုင်ငံအပေါ် တင်းကျပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်ဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မြူချင်ကို အမိန့်ပေးထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန်မှာ အမေရိကန် သမ္မတဘက်က အခုလို စီစဉ်လာတာ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုး လုပ်ဆောင်မယ်ဆိုတဲ့ အချက်ကိုတော့ အမေရိကန် သမ္မတက အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ဆော်ဒီအာရေဗျ နိုင်ငံရှိ ရေနံထုတ်လုပ်တဲ့ စက်ရုံနှစ်ခု တိုက်ခိုက်ခံရပြီးနောက် အမေရိကန်က အီရန်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အီရန်ကလည်း အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား နျူကလီးယား စာချုပ်ကနေ အမေရိကန် ထွက်သွားပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှု မြင့်တက်လာပြီး အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ပြန်ချမှတ်ခဲ့ပါတယ်။