
0
257




အီရန်က ယူရေနီယံ တိုးမြှင့်ထုတ်လုပ်နေကြောင်း IAEA သတိပေး


အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ နျူကလီးယားဒြပ်စင် ကြွယ်ဝမှု မြင့်မားတဲ့ ယူရေနီယံ ဓာတ်သတ္တုကို တိုးမြှင့်ထုတ်လုပ်နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က သတိပေး ကြေညာခဲ့ပါတယ်။


၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နျူကလီးယား သဘောတူညီချက် စာချုပ်အရ အီရန်နိုင်ငံဟာ နျူကလီးယားဒြပ်စင် နည်းပါးတဲ့ ယူရေနီယံကို အနည်းအကျဉ်းသာ ထုတ်လုပ်ခွင့်ရှိကြောင်း ကန့်သတ်ထားခဲ့ပါတယ်။


IAEA ရဲ့ အကြီးအကဲ ယူကီယာ အမာနိုက အီရန်နိုင်ငံဟာ ယူရေနီယံကို တိုးမြှင့်ထုတ်လုပ်နေပြီး ၂၀၁၅ ခုနှစ် သဘောတူညီချက်က ကန့်သတ်ထားတဲ့ ပမာဏကို ရောက်နေပြီလား ဆိုတာတော့ မပြောနိုင်သေးပါဘူးလို့ ပြောခဲ့ပါတယ်။