
0
53




From the left, Britain’s Prime Minister Boris Johnson, German Chancellor Angela Merkel, French President Emmanuel Macron, Italian Premier Giuseppe Conte and President of the European Council Donald Tusk pose during a G7 coordination meeting with the Group of Seven European members at the Hotel du Palais in Biarritz, southwestern France, Saturday, Aug.24, 2019. Efforts to salvage consensus among the G-7 rich democracies frayed Saturday in the face of U.S. President Donald Trump’s unpredictable America-first approach even before the official start of the summit in southern France. (AP Photo/Markus Schreiber, Pool)

အီရန်ကို နျူကလီးယား အင်အားကြီးနိုင်ငံ မဖြစ်အောင် တားဆီးဖို့ G7 နိုင်ငံ ခေါင်းဆောင်တွေ သဘောတူ

G7 နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ အီရန်ကို နျူကလီးယား အင်အားကြီးနိုင်ငံတစ်ခု ဖြစ်မလာအောင် တားဆီးဖို့ သဘောတူခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေကို ဖော်ဆောင်ဖို့ ကတိပြုခဲ့ကြပါတယ်။

အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုအဆင့်ဟာ ကန့်သတ်ထားတဲ့အဆင့်ကို ကျော်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။ ဒီအရေးကို သံတမန်နည်းလမ်းနဲ့ ဆက်လက် အားထုတ်ဖြေရှင်းဖို့ ဂျပန်က စိတ်ပိုင်းဖြတ်ထားကြောင်းလည်း မစ္စတာ အာဘေးက ပြောပါတယ်။

အမေရိကန်က အဆိုပြုနေတဲ့ ဟောမုဇ်ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံတကာ ရေကြောင်းညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေးကိစ္စကို ခေါင်းဆောင်တွေ မဆွေးနွေးခဲ့ဘူးလို့လည်း ပြောပါတယ်။